Sunday, August 17, 2014

လွမ်းမိတယ် သယ်ရင်းတို့

လွမ်းပိုင်ရဲ့ တစ်ချိန်က တက္ကသိုလ်လိုပဲ

လူချင်းသာမနီးစပ်ပေမဲ့ မင်းတို့ သတင်းတွေငါ့ဆီရောက်တယ်...

သတိရတယ် ဘော်ဒါအပေါင်းတို့

Tuesday, April 29, 2014

To All Busy Fri

ဟိုး ငယ်ငယ်လေးကတည်းကနေ ကျောင်းအတူ တက်ပြီး ကြီးပြင်းလာခဲ့ကြတယ် ….သူငယ်ချင်း တွေ………အားလုံး အတူတူ ပျော်ပျော်ပါးပါးကျောင်းတက်ရင်းပေါ့……ကျောင်းမှာ အတူဆော့ကစား စာလုပ်စရာရှိတာ အတူတူလုပ်…အဖြူစင်ဆုံး စိတ်ဓါတ်လေးတွေနဲ့ပေါ့……သူငယ်ချင်း မင်းဘာလုပ်စရာရှိလဲ တစ်ယောက်က ပြောလိုက်ရင် အေး သွားကြမယ်……….ချက်ချင်းပဲ ဘာမှ မစဉ်းစားခဲ့ဘူး….တစ်ယောက်ကို တစ်ယောက် စဉ်းစားမှုတွေမရှိဘဲကူညီဖေးမခဲ့ကြ…..အဲတုန်းက ဖြူစင်ဆုံး စိတ်ဓါတ်တွေနဲ့လေ…….ဒီလိုနဲ့ နှစ်ကာလတွေ ကုန်လွန်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကြီးထိတောင် အားလုံး အောင်မြင်ခဲ့ကြပြီ……..နည်းနည်းလေးတော့ စိတ်ဓါတ်လေးတွေ စပြီး မာထန်သလိုရှိလာကြ……ကိုယ့်ရဲ့ကြိုးစားမှု၊ ရရှိမှု နဲ့ထိုက်တန်တဲ့ ရလဒ်တွေ ပြိုင်ရင်းပေါ့………အမှတ်တွေ အများကြီးရတဲ့သူက နည်းတဲ့သူကို ပြောတဲ့ စကားတွေက ငယ်ငယ်ကလို မဟုတ်တော့…..နှိမ်ချင်သလိုလိုသယောင်ယောင်….ပေါ့…….အဲဒီခဏလေးအတွင်းပါပဲ …….တစ်ခြားသွားစရာကိစ္စလေးတွေနဲ့ကျ တော့ ပြန်ပြီး ပေါင်းဖက်သွားမိကြ …..စောစောက စိတ်ကလေးတွေ မေ့သွားကြပြီး…ငယ်ငယ်ကလို ပုခုံးဖက်ပီး အဖြူရောင်စိတ်ဓါတ်ကလေးက နေရာပြန် ယူလာခဲ့…..ဒီလိုနဲ့ တက္ကသိုလ် ဆိုတာ တက်ဖို့ အသီးသီးလမ်းခွဲသွားကြပါပီ…….ကိုယ့်ကြိုး စားမှု ရလဒ်တွေနဲ့ ထိုက်တန်ရာ ပေါ့……အမိ တက္ကသိုလ်က သူငယ်ချင်းတွေက ငယ်ငယ်က သူငယ်ချင်းတွေလိုပါပဲ…တစ်ခဏအတွင်းမှာပဲ ငယ်သူငယ်ချင်းတွေလို ဖြစ်သွားကြ…….
ဟိုးငယ်ငယ်က သူငယ်ချင်းတွေလိုပါပဲ အဖြူရောင် စိတ်လေးတွေနဲ့ ခင်မင်ခဲ့ကြတယ်….တကယ်ကို ပျော်စရာ ကောင်းခဲ့ပါတယ်……….အဲလိုနဲ့ တက္ကသိုလ် ဆိုတဲ့ နေရာက နေ ထွက်ခွာသွားကြပြန်တယ်.. ငယ်ငယ်က သံယောဇဉ် ကြိုးဖြတ်ခဲ့သလိုပါပဲ …..အဆက်သွယ်တွေပြတ်သွားကြတယ်……တစ်ချိန်မှာ တော့ ပြန်တွေ့ကြမယ်……..ငယ်သူငယ်ချင်းတွေနဲ့ရော တက္ကသိုလ်က သူငယ်ချင်းတွေနဲ့ရောပေါ့…. ဒီကြားထဲမှာ မကြာခဏတော့ ပြန်ပီး ဆုံဖြစ်ကြပါတယ်…….ကျောင်းပီးစ အလုပ်လေး မရှိခင်ပေါ့….. တွေ့တဲ့အခါ အရင်က အဖြူရောင်သံယောဇဉ်လေး က လက်ကျန်ရှိနေသေးတော့ ၀မ်းသာအားရ ပါပဲ.. စကားတွေဖောင်ဖွဲ့ပြောဖြစ်ကြ ကျောင်းတုန်းက ပျော်စရာအကြောင်းလေးတွေပေါ့….ဒီလိုနဲ့ တစ်ကွေ့မှာ ခဏတွေ့တဲ့ လူ တွေ့၊ ဆုံတဲ့သူဆုံ၊ ကွဲတဲ့သူကွဲပေါ့……. ဘ၀ဆိုတာ အမြဲခွဲခွာခြင်းဆိုတာ ရှိနေတော့ ပြန်ပြီးခွဲခွာသွားကြရပြန်တယ်…….ဒီလိုနဲ့ နှစ်အနည်းငယ်အတွင်းမှာ အလုပ်ကိုယ်စီနဲ့ ပြန်တွေ့ ကြရပြန်တယ်…..ကိုယ်ပိုင်စီးပွားရေး လုပ်သူတွေ၊ အစိုးရ၀န်ထမ်းလုပ်သူတွေ၊ အရာရှိကြီးတွေ၊ အစစ ပေါ့ စီးပွားကိုယ်စီအလုပ်ကိုယ်စီနဲ့ပေါ့….အဲဒီအချိန်မှာ တွေ့ရတာတော့ မာနတရားတွေပါ…….အဆင်ပြေတဲ့သူတွေ ရှိသလို အဆင်မပြေတဲ့သူတွေလဲ တစ်ပုံပါပဲ……တူညီတဲ့ စိတ်ဓါတ်လေးတစ်ခုကတော့ အလုပ်မအားကြတာပါပဲ........တကယ်အလုပ်မအားလို့ပဲ ဖြစ်ဖြစ် ….. ငယ်ငယ်တုန်းက အတူ သွားဖို့ ညှိခဲ့တဲ့ စိတ်တူကိုယ်တူလေးတွေကို တော့ သွားပြီး သတိရမိတယ်…. သူငယ်ချင်း တို့ရေ …..ဘယ်လောက်ပဲ စီးပွားရေးတွေ အဆင်ပြေပြေပါ……သူငယ်ချင်းတွေနဲ့ တွေ့ခဲ့ရတဲ့ အချိန်လေးတွေကို တော့ ဘာနဲ့မှ လဲလို့ မရနိုင်သလို ……မထင်မှတ်ပဲ တွေ့ဆုံခွင့်ရနေတဲ့အချိန်လေးတွေကို တန်ဖိုးထားပီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အလေးနက်ထားစေချင်တယ်…..တစ်ချိန်ချိန်မှာ သွားရမဲ့လမ်းကတော့ အတူတူပါပဲ………
ကမ္ဘာပေါ်မှာ အလုပ်ရှုပ်ဆုံး လူသား စကားပြန်မပြောနိုင်လောက်အောင် အရှုပ်ဆုံးလူသား…. ဆိုတာ တီထွင်ဖန်တီးမှုတွေ လုပ်ခဲ့တဲ့ ……မဟာ့ ပညာရှင်ကြီးတွေတော့ တွေ့ဖူးပါတယ်…….
နောင် ဖြစ်လာမဲ့ အသစ်တီထွင်ဖန်တီးမှုတွေထဲမှာ …ရင်းနှီးခဲ့ဖူးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အများကြီးပါမယ် ………….ဖြစ်လာမယ်လို့………ဤသို့သောကိစ္စများကြောင့် အလုပ်တွေ ရှုပ်နေတယ်ဆိုတာ ဖြစ်နိုင်တယ် လို့တွေးရင်း………..
တစ်ချိန်က ခင်မင် ဆုံဆည်းဖူးခဲ့တဲ့ ငယ်ကျွမ်းဆွေများနှင့်…….အားလုံး ကိုအရမ်းသတိရလွမ်းဆွတ်မိပါကြောင်း……..
(မှတ်ချက်။ ။ ယားလို့တောင် ကုတ်ချိန်မရှိဘူး ဆိုပီး အနာကို ဆေးထည့်နေသည်၊ စကားပြောဖို့ မအားဘူးဆိုပီး အလုပ်တွေရှုပ်နေပါတယ်..သို့သော် ever online တက်ထားခြင်း၊ အွန်လိုင်း သုံးတယ်ဆိုတာ အလုပ်ကိစ္စပြောလို့ရအောင် ဖွင့်ထားခြင်းလဲ ဖြစ်နိုင်ပါသည်။……)
စိတ်ကူးထဲ တွေးမိတွေးရာ ရေးထားခြင်း………
ကမ္ဘာမှာ အချိန်တွေ အအားဆုံး မင်းတို့ရဲ့ ငယ်ဖော်ကြီး………..

Friday, November 8, 2013

◘◘◘ To Root 100 Android Phone Within 40 seconds ◘◘◘

ဖုန်းတစ်လုံး စက္ကန့် 40 အတွင်း Root နိုင်ပြီး Android Phone အမျိုးအစား ၁၀၀ ကျော်ကို Root လုပ်နိုင်တဲ့ Root Master 1.3.6 apk

Root Master 1.3.6 apk