Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ
အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။ GSM/WCDMA တွေမှာအသုံးပြုနိုင်
ပြီး ၁၅၀၀ ဖုန်းတွေမှာတော့အသုံးပြုလို့ရနိုင်မရနိုင်ကတော့ သေချာမိပါဘူး
အသုံးပြုပုံကတော့ ...
မိမိဆီကိုဝင်တဲ့ Voice Mail အသစ်ရှိရင် Message Box ထဲမှာ ဘယ်သူ့ဆီ
ကပို့ထားကြောင်း Message ၀င်ပါတယ်။ မိမိဆီကိုဝင်ထားတဲ့ Voice Mail
တွေကိုစစ်မယ်ဆို 1550 ကိုဖုန်းခေါ်ပြီး၏ ပြန်လည်ဖြေကြားတဲ့အခါမှာ 1 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။
အခြားဖုန်းဆီကို Voice Mail ပို့ချင်တယ်ဆိုရင်တော့ 1550 ကိုဖုန်းခေါ်ပြီး
ပြန်လည်ဖြေကြားတဲ့အခါမှာ 2 ကိုနှိပ်ပါ ပြီးလျှင် ပို့ချင်သည့်ဖုန်းနံပါတ်ကို
နှိပ်ပြီး * (star) ကိုနှိပ်ရမှာဖြစ်ပါတယ်။
Voice Mail ကိုစတင်အသုံးပြုဖို့အတွက် MPT တွင်လျောက်ထားရမှာ
ဖြစ်ပြီး လက်ရှိအခြေနေမှာတော့ SMS ကတဆင့်လျောက်လို့မရသေးကြောင်း
Voice Mail အသုံးပြုလိုပါက ရွှေဂုံတိုင်ရုံးတွင် ၁၅၀၀ ကျပ်ဖြင့်လျောက်ထား
နိုင်ကြောင်း Yadanarpone Telepost မှဖြေကြားချက်အရသိရှိရပါကြောင်း
Showing posts with label Information. Show all posts
Showing posts with label Information. Show all posts
Thursday, August 1, 2013
◘◘◘ အောင်မြင်ဖို့အတွက် အချက် ၃ ချက် ဖြည့်ဆည်းဖို့လိုကြောင်း စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ) ပြောကြား ◘◘◘
အာရ်ကန်တိုင်းမ်စ် (သတင်း)
အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် တဦးနဲ့တဦး ဖွင့်ဆိုပုံချင်း မတူညီကြသော်လည်း အများနဲ့သက်ဆိုင်သော အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ရာ၌ မိမိတို့၏ ပြီးမြောက်အောင်မြင်မှု (achievement )ကြောင့် စိတ်ကျေကျေနပ်နပ်ဖြင့် ခံစားလိုက်ရမှုကို အောင်မြင်မှုဟုခေါ်ဆိုကြောင်းနှင့
ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ပြီး လကုန်ရက်ထိ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပနေသည့် (International Visitor Leadership Program)သို့ တက်ရောက်ဆွေးနွေးနေသည့် လူငယ်စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ)ကို အာရ်ကန်တိုင်းမ်စ်မှ တယ်လီဖုန်းလိုင်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် သူက ထိုသို့ပြောကြား လိုက်ခြင်းဖြစ်သည်။
လူငယ်များအတွက် မိမိတို့၏ဘ၀တွင် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အလုပ်အကိုင်ပဲဖြစ်ဖြစ
“ လူငယ်တွေအတွက် ဘ၀မှာ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အလုပ်အကိုင်ပဲဖြစ်ဖြစ
အရေးကြီးဆုံး နောက်ဆုံးအချက်တခုအနေဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူမှု (Learning) ရှိဖို့ လိုအပ်ကြောင်းလည်း သူကထပ်မံဖြည့်စွက် ပြောသည်။
“ ဒီဘက်ခေတ်မှာတော့ ဘ၀တသက်တာ စဉ်ဆက်မပြတ် လေ့လာသင်ယူမှု (life long learning) ရှိဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာအရဆိုရင် သေရင်တောင် သင်ယူမှုက မရပ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က နောက်ဘ၀မှာ ဆက်သင်ရအုံ့မယ်။ သံသရာတခုလုံး နိဗ္ဗာန်ကို မရောက်မချင်း လေ့လာသင်ယူရမှာဖြစ်တဲ့အတွက် အောင်မြင်ချင်တဲ့ လူငယ်တွေအတွက် လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါနဲ့ ။ (knowledge, Skill နှင့် Attitude) တွေကို များသထက် များအောင်ဖြည့်ပါ၊ ဒါဆိုရင်တော့ အနှေးနဲ့ အမြန် အောင်မြင်လာမှာဖြစ်ပါတယ်။ ” ဟု ၄င်းက ပြောကြားသည်။
စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ)ကို 1986 ခုနှစ်တွင် အင်းစိန်-ရန်ကုန်၌ အဘဦးစောအောင် အမိဒေါ်သီသီထိုက်တို့မှ မွေးဖွားခဲ့သည်။
ဆရာလင်းသိုက်ညွှန့် (မြန်မာ့မြေ) သည် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလထုတ် Beauty မဂ္ဂဇင်းတွင် “ ကျွန်တော်အကြိုက်ဆုံး စာအုပ်တအုပ် ” ဆောင်းပါးဖြင့် စာပေလောကသို့ စတင်ချေခြ၀င်ရောက်လာခဲ့ပြီး လက်ရှိတွင် ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်များ၌ ဆောင်းပါးပေါင်း ၁၀၀၀ ကျော်၊ ၀တ္ထု ၆ အုပ်၊ ဆောင်ပါးပေါင်းချုပ် ၁၃ အုပ်နှင့် မြန်မာနိုင်ငံ မြို့ရွာအနှံ့တွင် စာပေဟောပြောပွဲပေါင်း ၅၀ ကျော် ဟောပြောပြီးဖြစ်ကြောင်း သိရသည်။
ဆရာလင်းသိုက်ညွှန့်၏ ထွက်ရှိသမျှ စာအုပ်များမှာ ရောင်းအားအကောင်းဆုံးစာရင်းဝင်ေ
http://arakantimes.net/
◘◘◘ 1500 တန်ကဒ်များ သက်တမ်းတိုးနိုင်သည့်အတွက် စိတ်ဝင်စားမှု များလား ◘◘◘

”အရင်တုန်းကတော့ ဖုန်းထဲမှာ ၃ဝဝ အောက် ရောက်သွားလို့ ငွေမဖြည့်ဘဲ ၁၅ ရက်ထားရင် ဖုန်းက အော်တို ပိတ်သွားမယ် ဆိုပြီး သိထားတော့ သိပ်ပြီး စိတ် မဝင်စားဘူး။ အခုဆို ရက်ကျော်သွားလည်း ရက်ကျော်ရင် ပြန်လျှောက်လို့ ရတဲ့အတွက် တန်ဖိုးနည်း ဖုန်းတွေက တန်ကြေးတွေ မြင့်တက်လာတယ်” ဟု ပြည်တွင်း ဖုန်းဈေးကွက် လေ့လာသူ တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များကို သက်တမ်းတိုး လျှောက်ထားပါက ဖုန်းစာချုပ် မူရင်းနှင့် မိတ္တူ တစ်စောင်၊ သက်တမ်း လွန်ရခြင်း အတွက် ထောက်ခံချက် (ကတ်ထုတ်ပေးထားသည့် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဌာန၏ ထောက်ခံချက်)၊ ဖုန်းပိုင်ရှင်၏ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ တစ်စောင် စသည့် စာရွက် စာတမ်းများနှင့် အတူ တိုင်းဒေသကြီး မန်နေဂျာထံ လိပ်မူ၍ လျှောက်ထားရမည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
တန်ဖိုးနည်းဖုန်း ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် လက်ဝယ် ရရှိထားပြီး ဖြစ်သော်လည်း သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ စာချုပ် ထုတ်ပေးထားခြင်း မရှိသေးသည့် သူများအနေ ဖြင့်လည်း စာချုပ် မထုတ်ရသေးကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ ထောက်ခံချက် ပါရှိရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ ဆက်သွယ်ရေးမှ ဖုန်းမှောင်ခိုဈေးကွက် ကာကွယ်ရန် အတွက် ဆင်းကတ်များကို ဝယ်ယူပြီး ၁၅ ရက် အတွင်း အသုံး မပြုပါက ဖုန်းလိုင်း ပိတ်သိမ်းရခြင်း ဖြစ်ကြောင်း၊ အဆိုပါ တန်ဖိုးနည်းဖုန်း ပြောဆိုခမှာလည်း ခေါ်ဆိုခ ငွေကျပ် ၅ဝ ဖြစ်ပြီး ဖုန်းအဝင်မှာ ပေးရန် မလိုကြောင်း သိရသည်။
MEC မှ ပြည်တွင်း ဆက်သွယ်ရေး ကွန်ရက်တွင် ချထားပေးပြီး ဖြစ်သည့် ငွေကျပ် ၁၅ဝဝ တန် CDMA 800 MHz မိုဘိုင်းလ် ဖုန်းလိုင်း ကွန်ရက်မှာ လက်ရှိအချိန်တွင် လိုင်း အရေအတွက် ၁ဝ သိန်းကျော် ချထားပေးပြီး ဖြစ်ရာ လိုင်းပြည့်ကျပ်မှု ဖြစ်ပေါ်လာကြောင်း၊ ဆက်လက် တိုးချဲ့နေသည့် မိုဘိုင်းလ် ကွန်ရက်များမှာ 3G စနစ် အသုံးပြုသည့် GSM မိုဘိုင်းလ်ဖုန်းလိုင်း ကွန်ရက်များသာ ဖြစ်ကြောင်း မိုဘိုင်းလ် အင်ဂျင်နီယာမှူး တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် အဆိုပါ ဖုန်းလိုင်းများကို ဇူလိုင် ၂၅ ရက်က GSM ဖုန်းလိုင်း အရေ အတွက် နှစ်သိန်းကို ငွေကျပ် ၁၅ဝဝ ဖြင့် ပထမဦးဆုံး အကြိမ် စတင် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
Ref & Credit: မြ၀တီ
Subscribe to:
Posts (Atom)

