• Tools Menu က Folder Options ပျောက်နေ ပါသလား။
• Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျသွားပါသလား။
• Administrator Account ဖြစ်ရဲ့ သားနဲ့
Registry Editor, Task Manager ဖွင့်မရ ဖြစ်နေပါသလား။
• Hidden Files, Hidden System Files တွေကို ဖော်မရ ဖြစ်နေပါသလား။
•
Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပဲ
ပေါ်နေသလား၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမျှလည်း တက်မလာ ဖြစ်နေပါသလား။
• Memory Stick ရဲ့ Drive ပေါ်မှာ Right Click နှိပ်လိုက်ရင် Open က ထိပ်ဆုံး ရောက်နေမယ့် အစား Autoplay က ထိပ်ဆုံး ရောက်နေပါသလား။
• Drive တွေ၊ Memory Stick တွေကို double Click နှိပ်လိုက်တိုင်း Open With Box ပဲ ပေါ် နေပါသလား။
•
Memory Stick ထဲက Folder တွေပေါ်မှာ Right Click နှိပ်ပြီး Properties
ကိုရွေးရင် Type မှာ File Folder လို့ ပေါ်မယ့်အစား Application လို့
ပေါ်နေပါသလား။
• My Folder ဆိုတဲ့ Folder အောက်မှာ My Folder.exe ကို တွေ
့ နေရပါသလား။ (ဆိုလိုသည်မှာ Folder ၏ နာမည်နှင့် တူသော exe ၀င်ရောက်
နေပါသလား။)
• Task Manager ကို ဖွင့်ပါ။ (Ctrl + Alt + Del) Flashy,
Fun, New Folder စတဲ့ Process တွေ Run နေသလား ကြည့်ပါ။ ( Run နေတယ် ဆိုရင်
ဘယ် Memory Stick မှ မတတ်ပါနှင့်။ Virus ချက်ချင်း ကူးဆက် ခံရနိုင်ပါတယ်။
Stick ကို Format ချလည်း အပိုပါပဲ။ ကိုယ်ကို Format ချပြီးတာနဲ့ Virus
ကပြန်ဝင်နိုင်ပါတယ်။ )
အထက်ပါ အချက်တွေထဲက တစ်ခုခု ကွန်ပျူတာမှာ
ဖြစ်နေပြီဆိုရင် သေချာသလောက်နီးပါး Virus သို့မဟုတ် trojan သို့မဟုတ်
spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါတယ်။ အခြား
စစ်ဆေးနည်းတွေလည်း အများကြီးရှိပါသေးတယ်။
Showing posts with label Errors ဖြေရှင်းနည်းများ. Show all posts
Showing posts with label Errors ဖြေရှင်းနည်းများ. Show all posts
Monday, November 4, 2013
Sunday, August 25, 2013
◘◘◘ Remove Write Protection On USB Drive or Memory Card ◘◘◘
Write Protected
ကွန်ပြူတာအသုံးပြုရာတွင် USB Drive၊
Memory Card များဖြင့် Data များကို ကူးယူရွှေ့ပြောင်းမှုပြုလုပ်သည့်အခါ
အထက်ဖော်ပြပါ Message ကိုတွေ့မြင်ရပြီး Write Protected Problem
ကိုကြုံတွေ့ရတတ်ပါသည်။ ထိုသို့ကြုံတွေ့ရပါက File၊ Folder အစရှိသည်ဖြင့်
Data များကို ကူး ယူခြင်း၊ သိမ်းဆည်းခြင်းတို့ကိုပြုလုပ်၍မရခြင်း၊ အဆိုပါ
Write Protected Problem ဖြစ်နေသည့် USB Drive ကို Format ချ၍မရနိုင်ခြင်း
အစရှိသည်ဖြင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။ ထိုသို့ Writer Protection
ဖြစ်ရခြင်း အကြောင်းရင်းများမှာ USB Drive အတွင်း တစ်ခါ
တစ်ရံဖြစ်ပေါ်နိုင်လေ့ရှိသည့် Physical Lock ကြောင့်ဖြစ်သည်။ သို့ရာတွင်
Write Protected ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ Virus သို့မဟုတ် Script
များ၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ် သည်။ Virus သို့မဟုတ် Script များသည်
Registry Hack အတွင်းသို့ပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး
ကွန်ပြူတာသို့ချိတ်ဆက်အသုံးပြုလာသည့် မည်သည့် USB Drive များကို Write
Protected Problem ကိုဖြစ်ပေါ်စေပါသည်။
အဆိုပါ Write Protection Problem ကိုဖြေရှင်းရန်အတွက် အောက်ဖော်ပြပါအတိုင်းဆောင်ရွက်ရပါမည်။
၁။ Start/ Run တွင် regedit ဟုရိုက်၍ OK ပေးရပါမည်။
၂။ Registry Editor သို့ရောက်ရှိပါက အောက်ပါအတိုင်းအဆင့်ဆင့် ၀င်ရောက်ရပါမည်။
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies၃။ Registry အတွင်း StorageDevicePolicies ကိုမတွေ့ရှိရပါက အသစ်တည်ဆောက်ပေးရန်လိုအပ်ပါသည်။
၎။ StorageDevicePolicies အသစ်တည်ဆောက်ရန်အတွက် Notepad တွင် အောက်ပါစသားများကို ကူးယူ၍ Paste ပေးရပါမည်။
cd\reg add “HKLM\System\CurrentControlSet\Control\StorageDevicePolicies” /t Reg_dword /v WriteProtect /f /d 1
၅။ အဆိုပါ Notepad ကို Save as မှတစ်ဆင့် နှစ်သက်ရာနာမည်ပေး၍ .bat File Type ဖြင့်သိမ်းဆည်းရပါမည်။ ထို့နောက် Double Click ဖြင့် Run ပေးရပါမည်။ ထိုအခါ StorageDevicePolicies ကို Registry အတွင်းတည်ဆောက်ပြီးဖြစ်ပါသည်။
၆။ ထို့နောက် Right Pane အတွင်းရှိ Write protect key ကို Double Click နှိပ်၍ Value Data Box တွင် ၀ (သုည) ကိုရေး၍ OK ပေးရပါမည်။

၇။ ကွန်ပြူတာကို Restart
ပေးလိုက်ပြီးနောက် Write Protection Problem ကိုဖြေရှင်းပြီး USB Drive
များကို ပုံမှန်အ တိုင်း ပြန်လည်အသုံးပြု နိုင်ပြီဖြစ်ပါသည်။
Sunday, July 28, 2013
◘◘◘ သင့်ကွန်ပျုတာမှာ USB Drive တပ်လိုက်ပြီး မပေါ်ခြင်း ◘◘◘
USB
Drive ကို ကွန်ပျုတာတွင် တပ်ဆင်လိုက်တဲ့အခါမှာ Windows က USB Drive ကို
ရှာတွေ့ပါတယ် ။ ဒါပေမယ့် အဲဒီလို တပ်လိုက်တဲ့ အချိန်မှာ ကွန်ပျုတာက Dirve
Icon ကို ဖော်ပြလာခြင်း မရှိဘူး။ ဒီလိုဖြစ်ရခြင်းရဲ့
အဓိကအကြောင်းအရင်းကတော့ Window ဟာ USB Drive အတွက် Drive letter
မပေးနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ USB Drives တွေ အသစ်ဝယ်လာတဲ့ အခါ (
သို့ ) တစ်ကြိမ် တစ်ခါမျှ ကွန်ပျုတာတွင် တပ်ဆင်ခြင်း မပြုရသေးတဲ့
အခါမျိုးတွေမှာ ကြုံတွေ့ရတတ်ပါတယ်။ USB Drive ရဲ့ Drive letter ဟာ Disk
Management Service မှာ ရှိပြီးသား ဖြစ်ပါတယ် ။ လက်ရှိ ရှိနေတဲ့ Drive
Letter ကို ချိန်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ ဒါကို ဘယ်လို
ပြင်ဆင်မလဲဆိုတော့ -
- Start => Run =>မှာ diskmgmt.msc လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
- USB Drive ပေါ်မှာ Right Click ထောက်ပြီး Change Drive Letter and paths.. ဆိုတာကို သွားလိုက်ပါ။
- Add, Change , Remove ဆိုပြီး Change Drive Letter and paths..Window Box တက်လာမယ်...။
- Change ဆိုတာကို Click လိုက်ပါ။ ပြီးရင် Drive letters ကို Drop down menu ကနေ ရွေးပေးလိုက်ပါ ..။
{ My Computer မှာ ရှိပြီးသား Drive Letters တွေကိုတော့ ရွေးလို့ မရပါဘူး }
- ပြီးသွားရင် OK ပေးလိုက်ပါ ။ Confirm အတွက် Warning message တက်လာရင် Yes ပေးလိုက်ပါ။
- အခု USB Drive ရဲ့ New drive letter ကို My Computer မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ...။
- ဒါဆိုရင် USB Drive ကို ပြဿနာ ကင်းကင်းနဲ့ အသုံးပြုနိုင်ပါပြီ...။
- Start => Run =>မှာ diskmgmt.msc လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
- USB Drive ပေါ်မှာ Right Click ထောက်ပြီး Change Drive Letter and paths.. ဆိုတာကို သွားလိုက်ပါ။
- Add, Change , Remove ဆိုပြီး Change Drive Letter and paths..Window Box တက်လာမယ်...။
- Change ဆိုတာကို Click လိုက်ပါ။ ပြီးရင် Drive letters ကို Drop down menu ကနေ ရွေးပေးလိုက်ပါ ..။
{ My Computer မှာ ရှိပြီးသား Drive Letters တွေကိုတော့ ရွေးလို့ မရပါဘူး }
- ပြီးသွားရင် OK ပေးလိုက်ပါ ။ Confirm အတွက် Warning message တက်လာရင် Yes ပေးလိုက်ပါ။
- အခု USB Drive ရဲ့ New drive letter ကို My Computer မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ...။
- ဒါဆိုရင် USB Drive ကို ပြဿနာ ကင်းကင်းနဲ့ အသုံးပြုနိုင်ပါပြီ...။
◘◘◘ USB Memory Stick ကိုဘယ်လို Format ချမလဲ ? ◘◘◘
တစ်ခါတစ်လေမှာ
ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေ ထည့်လို့
မရတော့တာမျိုး .. ။ ထုတ်လို့ မရတော့တာမျိုး ... Virus သမ သွားတာမျိုးလေးတွေ
ရှိတတ်ပါတယ် .. ။ အဲဒီလို အခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင်
များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။ အောက်ကနည်းလေးကတော့ .......
USB drive ကို NTFS နဲ့ Format ချနည်းလေးပါ .. .။ ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင် My Computer ကို Right Click နှိပ်ပြီး Manage ကို သွား ... ။
အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။ အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ..ရောက်ရင် ညဘာက်မှာကြည့် .. Device Drive ဆိုတာလေး တွေ့မယ် ... အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့လိမ့်မယ် .. ။
တွေ့ပြီဆို USB Drive ကို RightClick ထောက် Propereties ကို သွား .. ။ ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် .. “Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။ အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။
ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။
အားလုံးပြီးရင် OK ပေါ့ .. ပြီးရင် My Computer ကို သွား USB Drive ပေါ် Rightclick နှိပ်ပြီး Format ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်.. NTFS format option ကို တွေ့လိမ့်မယ် ... ။
ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ရသွားပါပြီ .. ။
Wednesday, May 1, 2013
USB stick, Memory Stick မှာ ကူးမရဖျက်မရ ပြဿနာ ဖြေရှင်းနည်း
ဒီပြဿနာက ကွန်ပျုတာမှာ Memory card တွေထိုးတဲ့အခါ ကူးလို့ မရ
ဖျက်လို့ မရ
Format ချလို့ မရပဲ This disk is write -protected
လို့ စာတန်းပေါ်နေခဲ့ လုပ်ဖို့ 
ဖြေရှင်းနည်းတစ်ခုပါ ။ လုပ်နည်းက
ပထမ ဖြေရှင်းနည်း
ဒါကWindow 7ထဲက ကောင်းနေတဲ့ Download -Write protect fixer
Download ယူထားတဲ့ Registery ဖိုင်ကို နှစ်ချက်နှိပ်ပေးလိုက်ပါ
ဘာလာလာ Yes နှိပ်ပေးလိုက်ပါ ပြီးရင် စက်ကို
Restart ပြန်ချလိုက်
Window 7 Ultimate 32 bit - တူရင် အပေါ်က ဖိုင်ကို ယူပြီးသုံးကြည့်
ဒုတိယ ဖြေရှင်းနည်း
Run box မှာ regedit လို့ ရေးပြီး Enter နှိပ်လိုက်ပါ
အထဲရောက်ရင် HKEY_LOCAL_ MACHINE ကို နှစ်ချက်နှိပ်ပါ
Currentcontrolset ကိုဆက်နှိပ် StorageDevicePolices ရှာပြီး ၂ချက်နှိပ်
ဘေးမှာပေါ်လာတဲ့အထဲမှာ writeprotect ကို Right ထောက် Modify ကိုနှိပ်
Value Data - 1 ဖြစ်နေပါလိမ့်မယ် အဲ့တာကို 0 ထားပီး စက်ကို
Restart ချလိုက်
လုပ်နည်းကို Video နဲ့ ကြည့်ချင်ရင် -http://www.youtube.com/write-pro:
Subscribe to:
Posts (Atom)