Showing posts with label ဒဿနများ. Show all posts
Showing posts with label ဒဿနများ. Show all posts

Friday, August 9, 2013







* ပြင်းထန်သော ဆန္ဒဖြင့် တိကျသော ရည်မှန်းချက်ထားရှိပါ။

* ပန်းတိုင်သို့ မည်သည့်အချိန်တွင် ရောက်ရှိရမည်ဟု သက်မှတ်ပါ။

* ရည်မှန်းချက် ဘာလဲဆိုတာကို စာဖြင့်ရေးချထားပါ။

* မည်သို့ သွားရမည်ဟူသော လုပ်ငန်းစီမံချက် ချမှတ်ရမည်။

* ပန်းတိုင်သို့ ရောက်ရေးကို နေ့စဉ်တွေးပါ။

* မိမိ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိပါ။

* ရေးဆွဲထားသည့် စီမံချက်အတိုင်း မနေမနားကြိုးစားဆောင်ရွက်ပါ။

* အခြားသူတို့၏ အားလျှော့စေတတ်သော အကြံပေးချက်များကို လက်မခံပဲ နားပိတ်ထားပါ။

* မိမိအစီအစဉ်အတိုင်း ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်ရန် အားပေးအားမြှောက်ပြုမည့်    မိတ်ဆွေများနှင့် ပူးပေါင်းပါ။

* အနှစ်မရှိသော အလုပ်များ ဖြင့် အချိန်ဖြုန်း ပျော်မွေ့နေသော ပတ်ဝန်းကျင်မှ ရှောင်ထွက်ပါ။

* မိမိ၏ အားနည်းချက်၊ အားသာချက်များကို သိပါ။ သိအောင်လုပ်ပါ။

* ထကြွ လုံ့လ ၀ီရီယ ရှိပါ။

* အခွင့်အရေးရတုန်းမှာ ယူထားပါ။ မလွတ်ပါစေနှင့်။ မိုးရွာတုန်းရေခံ။ မိုးရွာတာက ကံ။ ရေခံတာက ၀ီရီယ။

* ဝေဖန်မှုကို ခံယူပြီး အကျိုးရှိအောင် ပြုပြင်ပါ။ မခံချင်စိတ်အပေါ်တွင် နာကျင်မှုနဲ့ မျိုးစေ့ချ စိုက်ပျိုးပြီး အသီးအပွင့်များကို ခူးယူ စားသုံးပါ။

* ပြောသင့်တာနှင့် လုပ်သင့်တာကို ချင့်ချိန်ခွဲခြားတတ်သူဖြစ်ပါစေ။

* ငြင်းခုန်ခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။

* ငွေစုပါ။ ငွေမည်မျှ ရှာဖွေနိုင်သည်မှာ အဓိကမဟုတ်၊ မည်မျှ စုဆောင်းနိုင်သည်မှာ အဓိက ဖြစ်သည်။

* ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုကို တည်ဆောက်ပါ။

* စိတ်ဓာတ်မကျအောင် သတိပြုထိန်းသိမ်းပါ။

* မိမိကိုယ်ကို ယုံကြည်မှုရှိပါ။

* ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ တွေးရဲတောရဲ ရှိပါ။

* ဂုဏ်သိက္ခာကို သန့်ရှင်းဖြူစင်အောင် ထိန်းသိမ်းပါ။

* သိမ်ဖျင်းတဲ့ တန်ဖိုးမဲ့တဲ့ စကားမျိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်နဲ့။

* သင်၏ သီးသန့်ဘ၀ကို တသီးတသန့် ဖြစ်ပါစေ။

* သင့်လျှို့ဝှက်ချက်ကို သင့်အင်္ကျီပင် မသိပါစေနှင့်။

* အတွေ့အကြုံတိုင်းအပေါ်တွင် သင်ခန်းစာယူပါ။

* ကျောက်ခဲတစ်လုံးကိုပဲ နှစ်ခါ ခလုတ်မတိုက်မိပါစေနှင့်။

* သတိရှိပါ။ သတိသည် လုံခြုံခြင်း၏ မိခင်ဖြစ်သည်။

* ယနေ့လုပ်နိုင်တာတွေကို မနက်ဖန်လုပ်ဖို့ ချန်မထားပါနှင့်။

* အချိန်၏ တန်ဖိုးကို နားလည်ပါ။

* မိတ်ဆွေကောင်းများကို ထိန်းသိမ်းပါ။ မိတ်ဆွေများနှင့် အချေးအငှား၊ အချေးအယူ မလုပ်ပါနှင့်။

* လောင်းကစား၊ မိန်းမနှင့် အရက်ကို ဝေးဝေးကရှောင်ပါ။

* သင့်ဘ၀ကို လုပ်ငန်း၊ အဖွဲအစည်းတစ်ခုခု (သို့) လူတစ်ဦးတစ်ယောက်ထံသို့ အူလှိုက် အသည်းလှိုက် ပုံမအပ်သင့်ပဲ ပုံမအပ်ပါနှင့်။

* ခင်မင်မှုကို တန်ဖိုးထားပါ။ ချစ်ပါ။ ဒါပေမယ့် ခွဲခွာရမည်ကိုလည်း မကြောက်ပါနှင့်။

* သြဇာလွှမ်းမိုးမှု ကွန်ယက်ကို ဖြန့်ကျက်ပါ။

* တာဝန်ယူစိတ်ရှိပါ။ တာဝန်ကျေပွန်အောင် ပြင်းထန်သောဆန္ဒကို မွေးမြူပါ။

* မိမိ၏ လုပ်ရပ်သည်ရည်မှန်းချက်ကိုထိခိုက်နေပြီဟု ယုံကြည်လျှင် လျှော့လုပ်ပါ။ ရည်မှန်းချက်ကို အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြုပြင်ပါ။ အမြင်သစ်အမြင်မှန်ကို အမြဲကြိုဆိုလက်ခံပါ။

* သင်သည်နေကို မျက်နှာမူလိုက်ပါ အရိပ်များသည် အနောက်ဘက်တွင် ရောက်ရှိသွားပါလိမ့်မည်။

* စာပေ လေ့လာဆည်းပူးပါ။

* ရတနာသုံးပါးကို မမေ့ပါနှင့်။

Tuesday, August 6, 2013

စာဖတ်ခြင်းက

ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်...

ဆွေးနွေးညှိနှိုင်းခြင်းက

အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။

မှတ်သားခြင်းက

တိကျသောလူတစ်ယောက်ဖြစ်စေတယ်။

Thursday, August 1, 2013

အမေက ပြောတယ်.. " မြေတစ်ကွက်မှာ
ဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ ပဲပြောင်းစိုက်ကြည့်ပါ။ ပဲစိုက်လို့လဲ
မဖြစ်ထွန်းရင် နေကြာ စိုက်ကြည့်ပါ။ နေကြာစိုက်လို့လဲ အဆံတွေ မပြည့်ခဲ့ရင်တစ်ခြားအပင် ပြောင်းစိုက်ကြည့်ပါ။ ပန်းပွင့်မှာတော့ သေချာတယ်။
မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။ နောက်ဆုံးမှာ အောင်အောင်မြင်မြင်နဲ့ ရိတ်သိမ်းနိုင်ပါလိမ့်မယ်"မိခင်ရဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့
အားပေးမှုတွေက မျိုးမသန်တဲ့ ပျိုးတစ်ပင်ကိုတောင် အညှောင့်ပေါက်စေကြောင်း ကျွန်တော်နားလည်လိုက်တယ်။

မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးတစ်ပင်တော့ ရှိပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ ရှားစောင်းပင်တွေတောင် လှပတဲ့အပွင့်နဲ့ ရှင်သန်ပေါက်ရောက် နိုင်သေးတယ်။ ဘယ်နေရာ၊ ဘယ်ဒေသပဲ ရောက်ရောက်
ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ သင့်တော်တဲ့ နေရာမှာ
ကိုယ်တတ်စွမ်းသလောက် လှပတဲ့ အပွင့်တွေကို ဖူးပွင့်ကြရအောင်..

Sunday, July 28, 2013

◘◘◘ ဘ၀အတွက်သိသင့်တာလေးတွေပါ ◘◘◘

ဇောက်ချလုပ်ကိုင်ပါ *
လုပ်ငန်းတစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းဖြင့် မိမိ ဘဝ၏တိုးတက်လမ်းကို
ရှာသင့်သည် ။
မိမိသည် မည်သည့်နေရာတွင့် ကျွမ်းကျင်သည်ဟု ပြောဆိုနိင်သူသည် သူလိုကိုယ်လို
သာမာန်လူများထက် အခွင့် အရေးပိုသည်မှာ အထူးပြောရန်မလိုပေ ။ ထို့ကြောင့် ဘဝ
တိုးတက်စေရန် ပထမ အဆင့် တစ်ခုဖြစ်သော skillful person ဖြစ်လာစေရန်
တစ်နေရာတည်းစွဲမြဲစွာလုပ်ကိုင်းရင်း လုပ်ငန်းကျွမ်းကျင်မှုကို တည်ဆောက်ယူကြရန်
အကြံပြုလိုက်ပါသည် ။
*ကောင်းမွန်သောအလေ့ အကျင့်များကိုမွေးမြူပါ
ကောင်းသောအလေ့ အကျင့်များကိုနေ့စဉ်ပြုသောသူသာ ကောင်းမွန်သောအနာဂတ်ဘ၀ကို
ပိုင်ဆိုင်ရမည်မှာ ငြင်းရန်မလိုသောအချက်တစ်ချက်ဖြစ်သည် ။
ထို့ကြောင့်ကောင်းမွန်သောအလေ့ အကျင့်များကို နေ့ စဉ်
ပုံမှန်ပြုလုပ်ပါရန်တိုက်တွန်းချင်ပါသည်။
*အချိန်၊နေရာနှင့် ခွန်အား*
အောင်မြင်လိုသူတစ်ယောက်သည် အချိန် အခါကိုသိရမည် ။ မည်သည့် အချိန်
မည်သည့်နေရတွင့် ခွန်အားကို မည်မျှစိုက်ထုတ်ရမည်ကို သိရန်လိုအပ်ပေသည်
။မည်သည့် အလုပ် ကို ခွန်အားမည်မျှစိုက်ထုတ်ရမည်ကို ကြိုတင်ပြင်ဆင်ခြင်းဖြင့်
အကောင်းဆုံးလေ့လာသင်ယူနိင်ပေသည် ။
*တွန်းကန်အား *
တွန်းကန်အားသည်လည်း အောင်မြင်မှု၏ အရေးပါသောသော့ချက်တစ်ခုဖြစ်လေသည်
။တွန်းကန်အားဆိုသည်မှာ ဤအလုပ်ကို
မည်သည်ကြောင့်လုပ်ရသည်ဟူသောအကြောင်းပြချက်ဖြစ်သည် ။
မည်သည့်အတွက်ကြောင့်လုပ်ရသည်ဟူသော အကြောင်းပြချက်(၀ါ)
တွန်းကန်အားမှန်ကန်ပါလျှင် မည်သို့ လုပ်ရမည်ဟူသော အချက်မှာ အလွန်လွယ်ကူသော
အချုက်တစ်ချက်ဖြစ်လာပေသည်။
(ဥပမာ) မိန်းမတစ်ယောက်.... အတန်းပညာ များများစားစားမရှိပဲ ယောက်ျားဖြစ်သူ၏
လုပ်ခလစာအပေါ်၌သာမှီခိုစားသောက်ရသည်။ ယောက်ျားဖြစ်သူရုတ်တရက် သေဆုံးသွားသောအခါ
မလုပ်တတ်မကိုင်တတ်ဖြင့် ကျန်ခဲ့သည် ။ အခြားသော ဆွေမျိုးသားချင်းများမရှိပေ ။
နောက်ဆုံး ကိုယ်တိုင်အားထုတ်မှုမရှိလျှင်
ငတ်ပေတော့မည် ။ ထိုအခါ သူသည် ဈေးရောင်းဈေးဝယ်ဖြင့် အသက်မွေးရာမှ ယခုအခါ
စတိုးဆိုင်ပိုင်ရှင်ဖြစ်နေပေပြီ ။
ထိုဥပမာအရ... မည်သို့လုပ်ရမည်ထက် ဘာကြောင့် လုပ်ရသည်က ပို အရေးကြီးကြောင်း
သိသာပေသည် ။ ထို့ကြောင့် ကျွန်တော်တို့သည် ဘ၀၏ တွန်းကန်အားကိုယူ၍
ဘ၀ကိုတိုးတက်အောင်ပြုလုပ်ကြရမည်ဖြစ်သည်။
နမူနာ.အားဖြင့် .......
- မိဘအတွက် ( ရှားပါအတွက်လို့များတွေးသူတွေရှားပါတယ်)
- ရည်းစားအတွက် ( တော်တော်များတယ်ထင်တယ် )(:P )
- ငါက ဆင်းရဲလို့ လူရာမသွင်းကြဘူး .. ငါကြိုးစားရမယ် .........အစရှိသဖြင့်
...ပေါ့.......

*
လေးစားမှုရှိပါ*
အကယ်၍သင်သည်အောင်မြင်သူတစ်ယောက်ဖြစ်လာခဲ့လျှင် သတိထားရမည့် အချက်တစ်ခုမှာ
မိမိအလုပ်အပေါ်လေးစားမှုလျော့ကျလာခြင်းကို ဆင်ခြင်ရန်ဖြစ်သည်။ လူတို့ ၏သဘောမှာ
မလုပ်တတ်သေးခင်သာ အားသွန်ခွန်စိုက်ရှိပြီး လုပ်ငန်း၌ကျွမ်းကျင်လာသောအခါ
ပေါ့လျော့လာတတ်၍ မလိုလားအပ်သောဆုံးရှုံးမှုများဖြစ်ပေါ်ကာ
ဆက်လက်တိုးတက်ရန်အတွက် အနှောက်အယှက်ဖြစ်လာမည်ဖြစ်သည် ။ထို့ကြောင့်
ပြောချင်ပါသည် မည်သည့်လုပ်ငန်းကိုမဆို ကျွမ်းကျင်သည်ဟူ၍ မပေါ့ဆပါနှင့် ။
လက်ဆောင်စကားတစ်ခွန်းပါချင်၏
" သတိိ နှင့် ပိုက်ဆံ သည် ပိုသည်ဟူ၍မရှိ "

*၀ဋ္ဋ်ဆိုတာလည်တတ်တယ်*
သူတစ်ပါးအပေါ်မကောင်းမကြံပါနှင့် ၀ဋ္ဋ်ဆိုတာလည်တတ်တယ်တဲ့ ...
အဲဒီစကားက မှန်ချင်လည်းမှန်မယ် ....မမှန်ချင်လည်းမမှန်ဘူး .. ဒါပေမယ့်
သေချာတာတစ်ခုက
ကိုယ်ကိုယ်တိုင်က မကောင်းတာလုပ်ထားခဲ့ ရင် သူတပါးအပေါ် အကောင်းမြင်ချင်တဲ့
စိတ်နဲ့ ယုံကြည်စိတ် တွေအပြင် ငါ့ အပေါ်သူတို့ရိုးသားပါ့ မလားဆိုတဲ့
သံသယကြီးနဲ့ ငါ့အလှည့်က ဘယ်တော့ပြန်ရောက်မလဲဆိုတဲ့စိတ်တွေကြောင့်
အလုပ်ကိုထဲမှာပျော်နိုင်တော့မှာမဟုတ်တာသေချာပါတယ် ။ အဲဒီတော့
သူငယ်ချင်းတို့လည်း သူများကို မကောင်းကြံတာမျိုးကို ရှောင်ကျဉ်နိင်ကြပြီး အမြဲ
ပျော်ရွှင်နိင်ပါစေ ။+(

*ဟန်မဆောင်ပါနှင့် *
ဟန်ဆောင်ရသည်မှာ စစချင်းအလွန်လွယ်ကူသော်လည်း ။ ပေါ်ပေါက်သွားပါက
အလွန်ရှက်စရာကောင်းလှသည်။ ဟန်ဆောင်မှုများသည် တစ်ချိန်မဟုတ်တစ်ချိန်
ပြန်လည်ပေါ်ပေါက်သွားမည်သာဖြစ်သည်။
ဟန်ဆောင်မှုပေါ်ပေါက်သွားလျှင် လူလိမ် လူညာအဖြစ် တိုးတိုးတစ်မျိုးကွယ်ရာတစ်မျိုး
အပြောခံရမည်ဖြစ်ကာ
မိမိကိုယ်တိုင်လည်း မသွားရဲမလာရဲဖြင့် တိုးတက်လမ်းများပိတ်ဆို့ သွားမည်ဖြစ်သည်
။
(သူငယ်ချင်းများ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပြီး
အောင်မြင်ပျော်ရွှုင်သောဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ )

--
"လုပ်သလို မဖြစ်သေးတဲ့အချိန်မှာ
ဖြစ်သလို မလုပ်ပါနဲ့........"
လေးစားစွာဖြင့်


◘◘◘ ရှောင်ကျဉ်ပါ.....တည်ဆောက်ပါ......တန်ဖိုးထားပါ.....◘◘◘

1) The most selfish one-letter world is' I ' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်း အဆန်ဆုံး စကားလုံးကတော့ “ ငါ ”ပါ။ အဲဒါကို ရှောင်ကျဉ်ပါ .။

(2) The most satisfying two-letter world is ' We ' . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာ အကောင်းဆုံး စကားလုံးကတော့ “ ငါတို့” ပါ။
အဲဒါကို အသုံးပြုပါ ။

(3) The most poisonous three-letter world is ' Ego ' . Kill it.
အက္ခရာသုံးလုံးနဲ့ ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံး စကားလုံးဟာ “ အတ္တ ” ပါ။
အဲဒါကို သတ်ပစ်ပါ။

(4) The most used four-letter world is ' Love ' . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံး စကားလုံးကတော့ “ ချစ်ခြင်းမေတ္တာ ” ပါ။
အဲဒါကို တန်ဖိုးထားပါ။

(5) The most pleasing five-letter world is ' Smile '. Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာ အကောင်းဆုံး စကားလုံးကတော့ “ အပြုံး ” ပါ။
အဲဒါကို ဆောင်ထားပါ ။

(6) The fastest spreading six-letter world is' Rumor '. Ignore it.
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံး ပျံ့နှံ့လွယ်တဲ့ စကားလုံးကတော့ “ ကောလဟာလ” ပါ။ အဲဒါကို လျစ်လျှူရှုပါ ။

(7) The hardest working seven-letter world is ' Success'. Achieve it.
အက္ခရာခုနှစ်လုံးနဲ့ ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံး ကြိုးစားရယူရတဲ့
စကားလုံးကတော့ “ အောင်မြင်မှု ” ပါ။ အဲဒါကို အရယူပါ ..။

(8) The most troublesome eight-letter world is ' Jealousy'. Distance it.
အက္ခရာရှစ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံး စကားလုံးကတော့ “ မနာလိုဝန်တိုမှု
” ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ ။

(9) The most powerful nine-letter world is ' Knowledge'. Acquire it.
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံး စကားလုံးကတော့ “ အသိပညာ ဗဟုသုတ” ပါ။ အဲဒါကို ကြိုးစားရယူပါ ။

(10) The most essential ten-letter world is ' Confidence'. Build it.
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ် အလိုအပ်ဆုံး စကားလုံးကတော့ “ယုံကြည်မှု” ပါ။ အဲဒါကို တည်ဆောက်ယူပါ ။


◘◘◘ မအောင်မြင်ခြင်းအကြောင်းအရင်း(၄၅)ချက်.... ◘◘◘

မအောင်မြင်ခြင်းအကြောင်းအရင်း(၄၅)ချက်....
၁။ တိကျသော ရည်ရွယ်ချက် မရှိခြင်း၂။မျိုးရိုးလိုက်ပြီး မွေးရာပါ ကိုယ်အင်္ဂါများမတင့်တယ်မဖွယ်မရာရှိခြင်း။၃။ အခြားသူများ၏အရေးအခင်းများတွင်ဝင်ရောက်စွက်ဖက်တတ်သောထူးဆန်းသည့်အကျင့်ရှိခြင်း။၎။မိမိအလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှူ့ မရှိခြင်း။၅။ကိုယ်တိုင်စည်းကမ်းသေ၀ပ်မှူ့ မရှိခြင်း။၆။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများအပေါ် အရေးမစိုက်ခြင်း၊ စိတ် ၀င်စားမှူ့ မထားခြင်း ။၇။ အလယ် အလတ် တန်းစား အဆင့်ထက် ကျော်လွန်၍ ရောက်ရှိရန် မှန်းဆသော ကြီးမြင့်စိတ်မရှိခြင်း။၈။ကျန်းမာရေးကိုအလေးမထား၊ဂရုမစိုက်ခြင်း။၉။ငယ်စဉ်ဘ၀ကပတ်ဝန်းကျင်၏မကောင်းမှူ့အရှိန်အ၀ါများရိုက်ခတ်မှူ့ဒဏ်ခံခဲ့ရခြင်း။၁၀။စတင်ထားသောအလုပ်ကိစ္စကိုပြီးဆုံးသည်အထိလုပ်ကိုင်နိုင်သောဇွဲမရှိခြင်း။၁၁။အဖျက်စိတ်ထားများလက်ခံကျင့်သုံးနေခြင်း။၁၂။စိတ်ထိခိုက်လှူပ်ရှားမှူ့များအပေါ်ထိမ်းချုပ်ကွပ်ကဲမှူ့မပြုနိုင်ခြင်း။၁၃။မိမိကဘာမျှမပေးပဲနှင့်သူတပါးထံမှရယူလိုသောဆန္ဒထားရှိခြင်း။၁၄။ဆုံးဖြတ်နိုင်စွမ်းမရှိခြင်းနှင့်အရာရာကိုတိကျမှူ့မရှိခြင်း။၁၅။တစ်စုံတစ်ခုကိုဖြစ်စေ၊ထို့ထက်များများကိုဖြစ်စေမလုပ်ရဲမကိုင်ရဲဘဲအမြဲကြောက်ရွံ့စိတ်ရှိနေခြင်း။၇မျိုး၇ှိသည်။(က)ဆင်းရဲပင်ပမ်းမည်ကိုကြောက်ရွံ့ခြင်း။(ခ)ဝေဖန်ပြစ်တင်ခံရမည်ကိုကြောက်ရွံ့ခြင်း(ဂ)မကျန်းမမာဖြစ်မည်ကိုကြောက်ရွံ့ခြင်း။(ဃ)ချစ်ခင်မှူ့များပျက်ပြားမည်၊ချစ်ခင်သူများဆုံးရှုံးမည်းကိုကြောက်ရွံ့ခြင်း။(င)အသက်ကြီးရင့်အိုမင်းမည်ကိုကြောက်ရွံ့ခြင်း။(စ)လွတ်လပ်ခွင့်ဆုံးရှုံးမည်ကိုကြောက်ရွံ့ခြင်း။(ဆ)သေရမည်ကိုကိုကြောက်ရွံ့ခြင်းတို့ဖြစ်သည်။၁၆။အိမ်ထောင်ပြုရာတွင်အိမ်ထောင်ဖက်အရွေးမှားခြင်း။၁၇။ အလုပ်အကိုင်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ပေါင်းသင်း ဆက်ဆံသူ အရွေးမှားခြင်း။၁၈။ မတော် တဆ ဖြစ်မလားဟု တွေးတော စိုးရိမ်မှူ့ လွန်ကဲခြင်း။၁၉။ အလုပ် အကိုင်၊ အသက်မွေး ၀မ်းကျောင်းပြု မှူ့ အရွေးမှားခြင်း။၂၀။ မိမိ၏ အချိန်နှင့် အားများ ဆုတ်ယုတ်ပျက်ပြားမှူ့ ဖြစ်စေခြင်း၊ စိတ်အာရုံ စူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။၂၁။ ၀င်ငွေနှင့် ထွက်ငွေကို စာရင်းဇယား စီမံချက် မထားခြင်း၊ မဆင်မခြင် မထိမ်းချုပ်ပဲ သုံးစွဲခြင်း။၂၂။ မိမိကိုယ်ပိုင် အချိန်ကို စာရင်းဇယားဆွဲ၍ မှန်ကန် အကျိုးရှိစွာ မသုံးတတ်ခြင်း။၂၃။ စိတ်ဝင်စားမှူ့၊စိတ်အားထက်သန်မှူ့တို့အပေါ် ထိမ်းချုပ်ကွပ်ကဲမှူ့ မပြုခြင်း။၂၄။ စိတ်ရှည် သီးခံနိုင်စွမ်း မရှိခြင်း။၂၅။ လူအများနှင့် ဆက်ဆံရာတွင် မျှတ မှန်ကန်မှူ့ မရှိခြင်း၊ သဟ ဇာတ စိတ်နှင့် မပူးပေါင်းခြင်း။၂၆။ ရသင့် ရထိုက်သည်ကို အခြေမခံ အကြောင်းမပြု ၊ ထိုက်သင့်သော ကြိုးပမ်းမှူ့ မပါပဲ တန်ခိုး၊ အာဏာ၊ ကြွယ်ဝမှူ့များ လိုချင်တပ်မက်မောလွန်းခြင်း။ ( တန်ရာတန်ရာ မမှန်းပဲ အချောင်လိုချင်လွန်း၊ လောဘကြီးလွန်းခြင်း)၂၇။ သစ္စာ မရှိ၊ သစ္စာတရား မဲ့ခြင်း။၂၈။ မာနကြီး ဘ၀င်မြင့်ခြင်း ၊ ၀ါကြွားအထင်ကြီးခြင်းများကို ထိမ်းချုပ် ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။၂၉။ တစ်ကိုယ်ကောင်း ဆန်လွန်း၊ တစ်ကိုယ်ကောင်း စိတ်ကြီးခြင်း။၃၀။ မိမိသိပြီးသား အမှန်တရားအပေါ် အခြေမခံပဲ၊ ၀င်ရောက်စပ်စု အကြံပေးခြင်း။( မိမိ အမှန်တကယ် မသိသော ကိစ္စများကို ၀င်ရောက် စပ်စု အကြံပေးခြင်း)၃၁။ ဖြစ်နိုင်ရာ ဖြစ်တန်ရာကို မကြံစည် မကြည့်မြင်တတ်ခြင်း။၃၂။ အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများနှင့် ကြီးမြင့်စိတ် မဖွဲ့ခြင်း၊ ပူးပေါင်းလုပ်ကိုင်ရန် ပျက်ကွက်ခြင်း။ (အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများကို အားကျစိတ်၊ အတူပူးပါင်းလုပ်ကိုင် လိုစိတ် မရှိခြင်း၊ မပူးပေါင်းခြင်း)၃၃။ အနန္တ ဥာဏ်ပညာရှင် ရှိသည်ကို အသိအမှတ် မပြု၊ ဥာဏ်တော် ရှင်၏ အင်အာကို မိမိနှင့် သင့်လျော်အောင် ရယူသုံးစွဲခြင်း မပြုခြင်း။ (ပညာရှိကို မမှီဝဲ မဆည်းကပ်ခြင်း)၃၄။ ညစ်ညမ်း-ရိုင်းစိုင်း- ဆိုးသွမ်းသော စကားများ ပြောဆိုခြင်း။၃၅။ စဉ်းစား ဆင်ခြင်မှူ့ မပြုပဲ စကားပြောဆိုခြင်း ၊ စကားများလွန်းခြင်း။၃၆။ သူတပါးပိုင် ပစ္စည်းများ တပ်မက်မောခြင်း။၃၇။ အချိန်ဆွဲခြင်း ၊ဖင့်နွှဲလေးကန်မှူ့ အကျင့်ရှိခြင်း ။၃၈။ အကြောင်း တစ်စုံ တစ်ရာ မရှိဘဲ သူတပါး မကောင်းသတင်း မ မှန် မကန် လုပ်ကြံ ပြောဆိုခြင်း။၃၉။ စိတ်တန်ခိုး အင်အားများနှင့် စိတ်၏ သဘောသဘာဝများကို နားမလည်ခြင်း၊ မလုပ်ဆောင်တတ်ခြင်း။၄၀။ တိကျသော ရည်ရွယ်ချက် မရှိ၍ကိုယ်တိုင်ဦးဆောင် တီထွင် လုပ်ကိုင်မှူ့ မပြု တတ်ခြင်း။၄၁။ တိကျသော ရည်ရွယ်ချက် မရှိ၍ မိမိကိုယ် ကို အားထားယုံကြည်စိတ် မရှိခြင်း။၄၂။ နှစ်လိုဖွယ်ရာ ၊ ခင်မင်ဖွယ်ရာ၊ ကြည်ညိုဖွယ်ရာ ရုပ်အဆင်း အင်္ဂါ မရှိခြင်း။၄၃။ လာလတ္တံ့သော အချိန်ကာလအပေါ် မိမိ အပေါက်းအသင်း ၊ မိမိလူမျိုး၊ မိမိ ကိုးကွယ်ရာ ဘုရားအပေါ် ယုံကြည်မှူ့ မရှိခြင်း။၄၄။ ထိမ်းချုပ် ကွပ်ကဲမှူ့ မပါပဲ ကြံစည်ခြင်း၊ မိမိစိတ်တန်ခိုး အင်အား ကို တိုးတက်အောင် မပြုလုပ်ခြင်း။အဆင်ပြေရာများကို မှတ်သား၊ ရှောင်ရှား၊ သတိပြုနိုင်ကြပါစေ ။

Tuesday, June 25, 2013

သတိတရ ကျရှုံးခြင်း




ဒီနေ့ နင့်အကြောင်းတွေပဲ

ငါ တွေးနေမိတယ် သတိရတယ်ဟာ

နင် ငါ့ကိုသတိရလားလို့တော့

မမေးတော့ပါဘူး

နင်ကငါ့ကို ဘယ်တုန်းကမှမချစ်ခဲ့လိုပါ

ငါ့အနားမှာ အကြာကြီးနေခဲ့ပြီးမှ

ဘာလို့ တစ်သက်စာ ထွက်သွားရတာလဲ

ငါ နင့်ကိုအရမ်းချစ်ခဲ့တာလေ

အလွမ်းတွေနဲ့ တစ်ယောက်ထဲ

စိတ်ကူးတွေကလဲ မလှတော့ဘူး

ရင်ခုန်နေတဲ့ အချိန်တွေတိုင်

မျှော်လင့်နေတာ နင်ပြန်လာဖို့လေ

ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာသိသိနဲ့

ငါ ပျော်မနေခဲ့ပါဘူး နင် ထွက်သွားတဲ့နောက်မှာ

ငါကအမြဲတမ်း နင့်အနားမှာရှိချင်ခဲ့တာ

ဘာတွေပဲလုပ်လုပ် နင့်ကိုသတိရတဲ့စိတ်က မပျာက်ဘူး

အရင်အတိုင်းပါပဲ…

ကိုယ်ဖန်တီးမယ့် အိမ်ကလေးတွေ


အလုပ်ရှင်က ဒီလို တော်တဲ့လက်သမားဆရာကြီးဆီက အနားယူမယ်ဆိုတဲ့စကားကြားရတဲ့အခါ စိတ် မကောင်းဖြစ် သွားတယ် ။ ပြီးတော့ လက်သမားဆရာကိုပြောတယ် ။ “ လူမှုရေးအရဖြစ်စေ ကျွန်တော့်ကို အိမ်တစ် လုံးလောက် နောက်ဆုံးအနေနဲ့ဆောက်ပေးနိုင်မလား ” လက်သမားဆရာကြီးက “ ကောင်းပါပြီ ” လို့ပြောလိုက်တယ် ။ ဒါပေမယ့် တကယ် နောက်ဆုံးအိမ်ကိုဆောက်တဲ့အခါ လက်သမားဆရာကြီးဟာ သူ့ရင်ထဲ နှ လုံးသား ထဲကနေ စိတ်မပါတော့ဘူး ။ နောက်ဆုံးအိမ်ဖြစ်တဲ့ အတွက် စေတ နာလည်းလျော့ ရဲသွား သ လို စိတ်ကလည်းအနား ယူချင်စိတ်သာ စိုးမိုးနေခဲ့တယ် ။ သူဟာ စိတ်မပါတဲ့အ တွက် နောက်ဆုံး သူဆောက်ရမယ့်အိမ်ကိုလည်း ကရော်ကမယ် အဖြစ်လောက်ပဲ ဆောက်လုပ်ခဲ့တယ် ။ အိမ်ဆောက် ပစ္စည်းတွေ ကိုလည်း အရည်အသွေးညံ့တဲ့ပစ္စည်းတွေကိုပဲသုံးခဲ့တယ် ။
ဒီလိုနဲ့လက်သမားဆရာကြီးဟာ နောက်ဆုံးအိမ်ကို ဆောက်လုပ်ပြီးစီးသွားခဲ့တယ် ။ အလုပ်ရှင်က အိမ်ကို လာကြည့်ပြီး လက် သမားဆရာကြီးကိုလက်ဆွဲနှုတ်ဆက်လိုက်တယ် ။ ပြီးတော့ အိမ်သော့ကိုယူပြီး “ ဒါဟာ ခင်ဗျားရဲ့ အိမ်ပါပဲ -- ကျွန်တော်ခင်ဗျားကို နောက်ဆုံးအနေနဲ့လက်ဆောင်ပေးတာပါ ” လို့ပြောလိုက်တယ် ။
----------------------------------------
ဘယ်လောက်အံ့သြစရာကောင်းသလဲ ။ ဘယ်လောက်ရှက်စရာကောင်းသလဲ ။ အကယ်၍သာ လက်သမား ဆရာကြီးက သူ့အတွက်ပေးမယ့်အိမ်မှန်းသာ သိရင်သူပိုင်ဆိုင်ရမယ့်အိမ်မှန်းသာသိရင် သူဟာ လက်ရှိဆောက် ထားတဲ့အိမ်နဲ့မတူတဲ့ ကောင်းမွှန်သပ်ရပ်တဲ့အိမ်ကို ဆောက်လုပ်မှာအမှန်ပါပဲ ။ အခုတော့ သူဆောက်လုပ် ထားတဲ့သိပ်မကောင်းမွန်တဲ့အိမ်ကလေးမှာပဲ သူနေရတော့မှာ သူပိုင်ဆိုင်ရတော့မှာဖြစ်တယ် ။
ကျွန်တော်တို့ရော ?? ကိုယ့်အတွက် အကျိုးမရှိဘူး ကိုယ့်မပိုင်ရဘူး ဆိုပြီးအဖြစ်သဘော အလုပ်သဘော လုပ်ခဲ့တာတွေ ရှိနေမလား ? ကျွန်တော်တို့ဘ၀မှာရော ဘယ်လိုအရာမျိုးတွေကို တည်ဆောက်ခဲ့ကြသလဲ ။ ကိုယ့်အတွက် မဟုတ်ဘူးဆိုရင် ကောင်းကောင်းမွန်မွန်မလုပ်ဘူး ကောင်းကောင်းမွန်မွန်မဆက်ဆံဘူး အပြု သဘော အဖြစ်သဘောတွေများ လုပ်ခဲ့ကြသလား ။
တကယ်တော့လောကကြီးမှာ ဘာအလုပ်ပဲလုပ်လုပ်ကိုယ့်အလုပ်လို ကိုယ့်အကျိုးစီးပွားလို သဘောထားပြီး အကောင်းမွန်ဆုံးလုပ်ဆောင်ပါ ။
ကိုယ်မပိုင်ရဘူး ကိုယ့်အတွက်မဟုတ်ဘူးဆိုပြီး ဘာကိုမှ ဖြစ်ကတတ်ဆန်းမလုပ်မိပါစေနဲ့ ။
ကိုယ်က အဖြစ်သဘောနဲ့လုပ်ခဲ့တဲ့အရာတွေဟာ နောင်တစ်ချိန်မှာ ကိုယ့်အတွက် အရှက်ရစ ရာတွေဖြစ်နေ တတ်တယ် ။
“ တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ကိုယ်ဖန်တီးတဲ့ ကိုယ်ပြုလုပ်တဲ့ အိမ်ကလေးအတွင်း မှာပဲ နေ ထိုင်ကြရတာပါ ”

မေမေ့အပြုံးနှင့်..သားခရီးသည်


အနိုင့်မဲ့ပါမေမေ
အားလုံးသောစကြာဝဠာရှိ
သတ္တ၀ါအားလုံနဲ့
မေမေဘက်မှာသားရှိတယ်
မေတ္တာလှိုင်းထပ်
ခွန်းအားဒြပ်ကိုပြတဲ့အခါ
သမုဒ္ဒရာမြင့်မိုရ်
ကမ္ဘာပြိုသည်အထိ
ပကတိမှိခိုရာဟာ
မေမေသာဖြစ်စေခဲ့တယ်..
ကြည့်ပါဦး မေမေ
သားမျက်ရည်မကျပေမယ့်
အသွားခက်စေတဲ့ခရီးမှာ
မသွားရက်ပေမယ့်
သွားလျှက်ကျောခိုင်းရပြန်ပြီ
ပြုံးပြပါမေမေ
အငိုခက်စေတဲ့စကား
ခွဲခွာခြင်းခရီးကြားမှာ
မေမေ စည်းတားမထားပါနဲ့....မေမေ

စိတ်မညစ်နဲ့ စိတ်မပျက်နဲ့ ဘယ်တော့မှအရှုံးမပေးနဲ့ ချစ်သူ............

စိတ်ညစ်ရာတွေ ကြုံနေရလို့ ပူဆွေးသောကရောက်နေမယ့်အစား စိတ်ညစ်စေတဲ့အရာတွေကို အမြန်ဆုံး ဖြေရှင်းလိုက်ပါ

အားငယ်စရာတွေကြုံတွေ့နေရလို့ အထီးကျန်ဝမ်းနည်းနေမယ့်အစား အားငယ်စေတဲ့အရာတွေကို အမြန်ဆုံးဖယ်ထုတ်လို့ အားသစ်တွေဖြည့်လိုက်ပါ

ငိုစရာတွေကြုံတွေ့နေရလို့ မျက်ရည်ကျနေမယ့်အစား ငိုစေတဲ့အရာတွေကိုဖယ်ထုတ် မျက်ရည်ကို သုတ်လို့ အနာဂါတ်ကို ရဲရဲကြည့်ပါ

ဆူးခင်းလမ်းတွေကျော်သွားရင် ပန်းခင်းလမ်းတွေရောက်လာမယ်
အိပ်မက်ဆိုးတွေ ကျော်သွားရင် နံနက်မိုးသောက်ကို ရောက်လာမယ်
မုန်တိုင်းတွေ ကျော်သွားရင် လေပြည်တွေရောက်လာမယ်
စိတ်ညစ်စရာတွေကျော်သွားရင် ပျော်ရွှင်စရာတွေရောက်လာမယ်
အားငယ်စရာတွေကျော်သွားရင် ခွန်အားအသစ်တွေရောက်လာမယ်

စိတ်မညစ်နဲ့ စိတ်မပျက်နဲ့ ဘယ်တော့မှ အရှုံးမပေးနဲ့ ချစ်သူ...

ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်......

(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ တိတ်တိတ်လေး ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။ ကိုယ်ဘယ်ရောက်ရောက် တစ်သက်လုံးသူရှိနေတယ်။

(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊ လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ် လဲလျောင်းစေတယ်။

(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။

(၄) နင်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့် ငါကံကောင်းခဲ့တယ်။ ဘုရားသခင်က ငါ့အတွက်မင်းကို စွန့်ကျဲခဲ့တယ်။ ရိုးရိုးရှင်းရှင်းစကားကို ငါအားမနာတမ်းပြောချင်တယ် "နင့်ကိုချစ်တယ်"...

(၅) နင့်ကိုချစ်တာ ခံစားမှုတစ်မျိုး၊ နင့်ကိုလွမ်းတဲ့အလွမ်းက ငါ့ကိုပျော်စေတယ်၊ နင့်ကိုဖက်ထားရတာ ငါ့အတွက် မှီခိုမှုတစ်မျိုးပေါ့။ နင့်ကိုနမ်းတော့ ကြည်နူးရတယ်။ နင်ဟာ အမြဲတမ်း ငါရဲ့ပျော်ရွှင်ခြင်းပေါ့ကွယ်...

(၆) အရင်က နင်နဲ့ငါမသိခဲ့လို့ "အချစ်"နဲ့ ငါလမ်းလွဲခဲ့ရတယ်။ ခုတော့ ငါ့ဘဝထဲ မင်းအပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ ငါ့နေ့ရက်နဲ့ ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် ငါ့အနာဂတ်ကို မင်းတာဝန်ယူပေးပါ။

(၇) ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် နင့်ကိုငါ လွမ်းတယ်။ နင့်ဘေးမှာ ငါမရှိပေမယ့် ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။ ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။

(၈) ငါ့ဘဝထဲ မင်းရောက်မလာခင် ငါဟာနေ့ည မခွဲခြားတဲ့ တေလေငှက်တစ်ကောင်လို့ လူ့ပင်လယ်ထဲမှာ လမ်းပျောက်နေခဲ့တယ်။ မင်းဟာငါရဲ့ ဓူဝံကြယ်ပါ။ မင်းနှလုံးသားမှာ ခိုလှုံနိုင်ဖို့ ငါ့ကိုအလင်းပေး လမ်းညွှန်ခဲ့တယ်။

(၉) ငါတို့က တောင်ပံတစ်ဖက်စီသာ ရှိကြတဲ့ အိန်ဂျယ်တွေပါ။ နှစ်ယောက်ပွေ့ဖက်ပေါင်းစပ်မှ ပျံသန်းနိုင်မှာဖြစ်တယ်။ နင် ငါရဲ့တောင်ပံတစ်ဖက် လုပ်နိုင်မလား?

(၁ဝ) တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင် ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကိုငါ တိုးတိုးလေးပြောပြမယ်။ နင်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကိုငါပေးမယ့် ပျော်ရွှင်ခြင်းတွေ ပါဝင်နေခဲ့တယ်။