Showing posts with label AutoCAD. Show all posts
Showing posts with label AutoCAD. Show all posts

Saturday, July 20, 2013

◘◘◘ Open AutoCAD Program & Shortcut ◘◘◘

  • AutoCAD Program လေးကို shortcut ထားနည်းလေးနဲ့ စဖွင့်ဖွင့်ချင်း သတ်မှတ်ထားသင့်တဲ့ Unit setting လေးများကို ပြောပြပေးချင်ပါတယ်.....ကျွန်တော်ရေးသားတဲ့ Post လေးများသည် သူငယ်ချင်း များအတွက် လွယ်ကူချင်လွယ်ကူနေပါမည်။ AutoCAD ကို အခုမှ စပီးအစိမ်းသက်သက်လေ့လာနေတဲ့ သူငယ်ချင်းများအတွက်တော့ သေချာပေါက် အထောက်အကူဖြစ်မှာပါ....
  •  AutoCAD program ကို စဖွင့်မယ်ဆိုရင်....
    Star-->All Program-->Autodesk-->AutoCAD(version) ကိုယ်သုံးတဲ့ version လေးနဲ့ တွေ့ရပါမယ်.သူငယ်ချင်း တို့စက်မှာ Desktop မှာ shortcut တင်ပြီးသားဆိုရင်တော့ ဒီကနေ မသွားလဲ ရပါတယ်
Desktop ပေါ်က shortcut လေးကနေလဲ ဖွင့်နိုင်ပါတယ်.....
တကယ်လို့ Desktop ပေါ်မှာ shotrtcut မထားရသေးဘူး ဆိုရင်တော့ ကိုယ်ထားချင်တဲ့ program လေး
ဆီကို Start-->All Program ကနေသွားလိုက်ပါ...ရောက်ရင်တော့ အဲဒီ program လေးပေါ် ကို
Right click-->Sent to Desktop ဆိုတာကို နှိပ်ပြီး desktop ပေါ်မှာ shortcut ထားနိုင်ပါတယ်...

  • Desktop ပေါ်က shortcut လေးကို taskbar ပေါ်မှာ Pin လုပ်ထားနိုင်ပါတယ်....
    Shortcut လေးကို drag ဆွဲပြီး taskbar ပေါ်ကို တင်လိုက်ပါ  Pin to taskbar ဆိုတာလေး ပေါ်လာရင်
လွှတ်လိုက်ပါ.....
Program လေးကို pin လုပ်ပီးသားဖြစ်သွားပါမယ်....
ပြန်ဖြုတ်ချင်ရင်တော့ taskbar ပေါ်က program လေးပေါ်ကို right click-->Unpin this program from this taskbar.

  • AutoCAD Program ကို စဖွင့်လျှင် Unit များ သတ်မှတ်ပေးရန် လိုပါတယ်....ကိုယ် ဘယ်လို unit [Imperial(inch/feet),Metric(mm)]ဆွဲမလားဆိုတာကိုအရင်သတ်မှတ်ပေးရန်လိုပါတယ်.....အဲဒီလိုသတ်မှတ်ပေးဖို့ program စဖွင့်ဖွင့်ချင်းမှာ startup dialog box ကျလာတာ မရှိသလို....မကျဘဲ တန်းပွင့်လာတာ ရှိပါတယ်....တကယ်လို့ startup dialog box ကျလာရင် unit တစ်ခါတည်း သတ်မှတ်ပေးခဲ့လို့ရပါတယ်.....မပေါ်ခဲ့ဘူးဆိုရင် အထဲရောက်မှ unit သတ်မှတ်ပေးလို့ရပါတယ်......
  • startup dialog box ကို program စဖွင့်ဖွင့်ချင်း မပေါ်စေချင်ဘူး ဆိုရင်.....command box မှာ value ပြောင်းပေးရမှာပါ.....
com : startup(enter)   value ကို 0 ပြောင်းပေးလိုက်ပါ....အဲဒါဆိုရင် program စဖွင့်ဖွင့်ချင်း မပေါ်တော့ပါဘူး.......1 ထားရင်တော့ ပေါ်မှာပါ....
တကယ်တော့ startup dialog box က ရှုပ်ပါတယ် မပေါ်အောင်လုပ်ထားတာကောင်းပါတယ်....unit ကို အထဲရောက်မှ တစ်ခါတည်း သတ်မှတ်ပေးလို့ရပါတယ်........
  •  Unit သတ်မှတ်ပေးမယ်ဆိုရင် Drawing Unit & Dimension Unit ဆိုပြီး (၂) မျိုးရှိပါတယ်....
Drawing Unit သတ်မှတ်ပေးမယ်ဆိုရင် Format-->Unit မှာ ကိုယ်ပြောင်းချင်တဲ့ unit လေးတွေ သတ်မှတ်ပေးနိုင်ပါတယ်.....[command နဲ့ သွားချင်ရင်တော့......com : un (enter)]
Dimension Unit သတ်မှတ်ပေးမယ်ဆိုရင် Dimension--> Dimension style ဆိုတာကို နှိပ်ပါ....Dimension style manager dialog box ကျလာပါမယ်....အဲဒီထဲမှ modify ကကို နှိပ်ပါ.....unit မှာ ပြောင်းပေးနိုင်ပါတယ်......
အခုလို ပြောင်းပေးလိုက်တာနဲ့ startup dialog box မှာ ပြောင်းခဲ့တာနဲ့ အတူတူပါပဲ.....startup dialog box ကိုဖျောက်ထားတာ ကောင်းပါတယ်.....

Tuesday, July 16, 2013

Home Decoration








AutoCAD

ကျွန်တော် အော်တိုကတ်အကြောင်းကို ကျွန်တော်သိသလောက်လေး ဖြန့်ဝေပါရစေ....
 ပညာ ဆိုတာ ကိုယ်သိတာလေးကို သူများသိမှာ စိုးပြီး သိုဝှက်ထားသင့်တဲ့အရာမဟုတ်ပါဘူး..
ကိုယ်သိတာလေးကို ပြောပြလိုက်လို့ ပြောပြခံရသူ error တွေတွေ့လို့ response တွေပြန်လာရင်
ကိုယ့်အတွက်ပညာ ပြန်ရတာပါပဲ....သူမေးတဲ့ error တွေကို ပြန်ဖြေနိုင်အောင် ကိုယ်က လိုက်ရှာမိမှာပါပဲ...
အဲဒါမှ သာ ကိုယ့်အတွက်လဲ ပညာရ ....ကိုယ်တစ်ယောက်တည်းသိတာလေးတွေကို ပဲ မပြောဘဲ ကိုယ့်ထက်သာမှာ ကြောက်ပြီး မပြောတဲ့သူတွေကို ပညာလျှိုတယ်လို့ မဆိုလိုနိုင်ပါဘူး....အဲဒီလိုပါပဲ ကျွန်တော်လဲ ကျွန်တော်သိတာလေးတွေပြောပြပါရစေ...

AutoCAD ဆိုတဲ့ Application လေးကို Autodesk ဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ်ထားပါတယ်...
AutoCAD LT ဆိုတာကတော့ lower cost version ပါ....
AutoCAD ရိုးရိုးဗားရှင်းမှာ ရတဲ့ LISP,VBA တို့ရဲ့ လုပ်ဆောင်မှုတွေကို အပြည့်အ၀မရနိုင်ပါဘူး...