Showing posts with label Dhamma. Show all posts
Showing posts with label Dhamma. Show all posts

Monday, July 22, 2013

◘◘◘ လ၀ါဆိုနှင့်ဓမ္မစကြာ ◘◘◘


 
ဝါဆိုလပြည့်နေ့ သာသနာတော်နှစ် (၂၅၅၃)ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ်၊ ၀ါဆိုလပြည့်နေ့၊ ခရစ်နှစ် (၆.၇.၂၀၀၉)ခုနှစ်၊ တနင်္လာနေ့သည် ဗုဒ္ဓမြတ်စွာ ဘုရားရှင် တရားဦး ဓမ္မင်္ကြာ ဟောကြားသည့်နေ့၊ သန္ဓေယူ သည့်နေ့၊ တောထွက်တော် မူသည့်နေ့ စသည့် နေ့ထူးနေ့မြတ် အခါသမယ ဖြစ်ပါတယ်။ ထိုနေ့ကို ရှေးပညာ ရှိတို့က “သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက်သံချို လ၀ါဆို” ဟု ဖွဲ့ဆိုခဲ့ ကြပါတယ်။ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လ ပြည့်နေ့မှာ သစ္စာလေးပါးကို ပိုင်းခြား ထင်ထင်သိမြင်ပြီး သဗ္ဗညုတဉာဏ်ပိုင်ရှင် အဖြစ်သို့ရောက် ရှိတော်မူခဲ့ပါတယ်။ ထို့နှစ်ဝါဆိုလပြည့် (စနေနေ့) တွင် ဗာရာဏသီပြည် မိဂဒါ ၀ုန်တောမှာ ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ စတဲ့ ပဉ္စ၀ဂ္ဂီ ငါးပါးအား ဓမ္မစက္ကပ၀တ္တန သုတ်တော်ကို ဟောကြားတော်မူ ခဲ့ပါတယ်။ မြတ်ဗုဒ္ဓဘုရား အဖြစ်သို့ ရောက်ပြီးနောက် အဦးဆုံး (အရင်ဆုံး) ဟောကြားခဲ့တဲ့ တရားတော်ဟာ ဓမ္မစက္ကပ၀တ္တန သုတ်တော် ဖြစ်ပါတယ်။ ဒါကြောင့်တရားဦး “ဓမ္မစကြာ” လို့ခေါ်ဝေါ် ခဲ့ပါတယ်။

ဝါဆိုလ ပြည့်နေ့ဟာ ဘုရားရှင်နဲ့ ပတ်သတ်ပြီး ထူးမြတ်တဲ့ အကြောင်းအရာ (၃)မျိုး တိုက်ဆိုင်နေတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။“သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက်သံချို လ၀ါဆို” ဆိုတဲ့ ရှေးပညာရှင် တို့၏ လင်္ကာအရ…

(၁) ဘုရားလောင်း သေတကေတု နတ်သားဟာ စုတေပြီး မဟာသက္ကရာဇ် (၆၇)ခုနှစ်၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့မှာ မယ်တော်မာယာဒေ၀ီ၏ ၀မ်းမှာ ပဋိသန္ဓေ တည်နေတော်မူ ခဲ့ပါတယ်။

(၂) ဘုရားလောင်း သိဒ္ဓတ္တမင်းသားဟာ သက်တော်(၂၉)နှစ်မှာ အခြံအရံများ ခြံရံလျှက် မင်းဥယျာဉ်တော်သို့ ထွက်တော်မူစဉ် နတ်တို့ ဖန်ဆင်းပြသတဲ့ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီး လေးပါးကို မြင်တော်မူပြီး သံဝေဂရ ကာ မဟာသက္ကရာဇ် (၉၇)ခုနှစ်၊ ၀ါဆိုလပြည့်၊ တနလာင်္နေ့မှာ တောထွက် တော်မူခဲ့ပါတယ်။

(၃) ဘုရားအဖြစ်သို့ ရောက်တော်မူပြီး မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလပြည့်၊ စနေနေ့မှာ တရားဦး ဓမ္မစက္ကပ၀တ္တန သုတ်တော်ကို ဟောကြားတော် မူခဲ့ပါတယ်။
 
“၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ”

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၎။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။


ယခုကဲ့သို့ နေ့ထူးနေ့မြတ် အခါသမယမှာ ဘုရာရှင် ပထမဆုံး ဟောကြားခဲ့တဲ့ ဓမ္မစင်္ကြာ ဒေသနာတော်ကို နာယူကြည်ညို ကြပါရန် ကောင်းမြတ်သော စိတ်ထားဖြင့် တိုက်တွန်းလိုက် ရပါတယ်။ စာဖတ်သူ များအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင် ကြပါစေ…

Saturday, July 20, 2013

◘◘◘ စွန်.စားမျှတ နိဗ္ဗာန် ◘◘◘


  • "စိတ်ငြိမ်ရင် ကိုယ်ကာယကြီးလည်း ငြိမ်ပါတယ်။စိတ်မငြိမ်ရင် ကိုယ်ကာယကြီးလည်း မငြိမ်ပါဘူး။ နားလည်တယ်နော်။"
  • (တင်ပါ့)
  • "ငြိမ်သက်မှုတော့ ရလာတယ်။ သို.သော် ငြိမ်သက်မှုရလာတယ်ဆိုတဲ့ နေရာမှာ ဝေဒနာတွေ ပြင်းထန်လို.၊ ဝေဒနာကို တိုက်ထုတ်နေလို. ငြိမ်နေတာက တစ်မျိုး၊ နောက်ပြီး စိတ်ကူးတွေယဉ်ပြီးတော့ ငြိမ်နေတာက တစ်မျိုး။ မှတ်စိတ်နဲ. အာရုံကိုက်လို. ငြိမ်နေတာက တစ်မျိုးဟုတ်တယ်နော်။အဲဒီ ငြိမ်နေတာတွေထဲမှာ မှတ်စိတ်နဲ.၊ အာရုံနဲ. ကိုက်ညီပြီး ငြိမ်နေဖို. လိုအပ်တယ်နော်။"
  • (တင်ပါ့ဘုရား)
  • "ဝေဒနာရဲ.ဖြစ်ပျက်ကို ဥာဏ်နဲ.မြင်ပြီးတော့ ငြိမ်နေမယ်ဆိုရင် အဲသလို ယောဂီများရဲ. ငြိမ်ခြင်းဟာ ' ငြိမ်း' လာမှာပေါ့"
  • (တင်ပါ့ဘုရား)
  • "သြော်..လောဘအစရှိတဲ့ အကုသိုလ်တရားတွေ ငြိမ်းလာမယ်။အကုသိုလ် အပူဓာတ်၊ အလောင်ဓာတ်တွေ ငြိမ်းရင် ဆင်းရဲမှာလား၊ ချမ်းသာမှာလား။"
  • (ချမ်းသာမှာပါဘုရား)
  • "သူတစ်ပါးက ပေးမှာလား၊ ကိုယ်က ကြိုးစားရမှာလား။"
  • (ကိုယ်က ကြိုးစားရမှာပါ ဘုရား)
  • "ဒါကြောင့် ဒကာ၊ ဒကာမတွေ ဒီလိုကုသိုလ်စွမ်းအားလေးတွေ မိမိသန္တာန်ထဲမှာ ရှိမယ်။အားထုတ်လိုတဲ့စိတ်လည်း ရှိမယ်။ကြိုးစာအားထုတ်တဲ့ စွမ်းအားလည်း ရှိမယ်။ကဲ..သဒ္ဓါ ၀ီရိယ ဆန္ဒလေးတွေ လည်းရှိမယ်။ဒီကုသိုလ် စွမ်းအားလေးတွေ မရမချင်း ငါ အားထုတ်မယ်ဆိုပြီး ကဲ........ထိုင်တဲ့အခါမှာလည်း မျှမျှတတ၊ ရပ်တဲ့အခါမှာလည်း မျှမျှတတ၊ စားတဲ့အခါမှာလည်း မျှမျှတတ၊ လျောင်းထိုင်ရပ်သွားဆိုတဲ့ လေးပါးသော ဣရိယာပုတ်ထဲမှာ သတိထား၊ ၀ီရိယစိုက်၊ ပညအသိနဲ. ကြည့်လိုက်မယ်ဆိုရင် အရှုခံမှန်သမျှတွေဟာ ဖြစ်ပြီးပျက်စီးနေလို ဘာသစ္စာ"
  • (ဒုက္ခသစ္စာပါဘုရား)
  • "လှမ်းပြီး ကြည့်နေတာလေးက ဘာသစ္စာ"
  • (မဂ္ဂသစ္စာပါဘုရား)
  • "သေသွားတာက ဘာသစ္စာ ပါလိမ့်"
  • (သမုဒယသစ္စာ ပါဘုရား)
  • "ငြိမ်းတာက ဘာသစ္စာ"
  • (နိရောဓ သစ္စာပါဘုရား)
  • "သစ္စာလေးပါး ေပၞမေပၞ"
  • (ေပၞပါတယ္ဘုရား)
  • "သစ္စာလေးပါး ထိုက်မထိုက်"
  • (ထိုက်ပါတယ်ဘုရား)
  • "ကဲ...သစ္စာလေးပါး ထိုက်အောင် စွန်.စွန်.စားစား မျှမျှတတနဲ. ကြိုးစားကာငြိမ်းတဲ့ နိဗ္ဗာန်ဆီသို. မျက်မှောက်ပြုအောင် ကြိုးစားနိုင်ကြပါစေ"
  • (သာဓု ..သာဓု..သာဓု)

◘◘◘ ချမ်းမြေ့ဆရာတော် (ဘာသာရေးစံ သာသနာရေး မှတ်ကျောက်) ◘◘◘

အမေရိကန် ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ 
သီရိမင်္ဂလာကျောင်း၌ 2010၊ စက်တင်ဘာ ၂၆၊ တနင်္ဂနွေနေ့၊ ည ၈-နာရီအချိန်တွင် 
ဟောကြားသော တရားတော် ဖြစ်ပါတယ်ခင်ဗျာ။

ဆင်းရဲငြိမ်းခြင်း၊ မငြိမ်းခြင်း

မဂ္ဂင်ရှစ်ပါး၊ အကျင့်တရားမရှိရာ၊ ဓမ္မ၀ိနယခေါ်တဲ့၊ ဘာသာအယူဝါဒ၌၊ ကိလေသာငြိမ်းသူ မရှိ၍၊ ဆင်းရဲငြိမ်းသူ မရှိနိုင်။ (သုံးခေါက်ဆိုကြည့်ပေးပါ။)

(ဆရာတော်ဘုရားက နောက်တစ်ခေါက် တိုင်ပေးရာမှာ တိုသွားအောင်ဆိုပြီး *ဓမ္မ၀ိနယခေါ်တဲ့* ဆိုတာကို ဖြုတ်လိုက်ပါတယ်)

မဂ္ဂင်ရှစ်ပါး၊ အကျင့်တရားမရှိရာ၊ ဘာသာအယူဝါဒ၌၊ ကိလေသာငြိမ်းသူ မရှိ၍၊ ဆင်းရဲငြိမ်းသူ မရှိနိုင်။


မဂ္ဂင်ရှစ်ပါး၊ အကျင့်တရားရှိရာ၊ ဘာသာအယူဝါဒ၌၊ ကိလေသာငြိမ်းသူရှိ၍၊ ဆင်းရဲငြိမ်းသူ ရှိနိုင်သည်။

ဘာသာဝါဒ ဘယ်လို ရွေးချယ်မလဲ


ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှကျိုးများမည်။
ဘာသာဝါဒ၊ မှားယွင်းက၊ မုချကျိုးနည်းမည်။

အမေးလင်္ကာ (သုံးခေါက်စီ ဆိုကြည့်ပေးပါခင်ဗျာ။)
ဘာသာမှန်, မမှန်၊ ရွေးချယ်ရန်၊ စံမှန်စံကောင်းရှိသလော။
သာသနာမှန်, မမှန်၊ ရွေးချယ်ရန်၊ စံမှန်စံကောင်းရှိသလော။

အဖြေလင်္ကာ (ဒါကိုလည်း သုံးခေါက်စီ ဆိုကြည့်ပေးပါ။)
ဘာသာမှန် မမှန်၊ ရွေးချယ်ရန်၊ စံမှန်စံကောင်း ရှိပါသည်။


သာသနာမှန် မမှန်၊ ရွေးချယ်ရန်၊ စံမှန်စံကောင်း ရှိပါသည်။

မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန်မှတ်ကျောက် ဖြစ်ပါသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်မ၀င်၊ ကျင့်စဉ်မှားလှသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌၀င်၊ ကျင့်စဉ်မှန်လှသည်။

ကျင့်စဉ်မှန်မှ၊ ၀ဋ်ဒုက္ခ၊ မုချငြိမ်းစေမည်။


ဒုက္ခငြိမ်းမှ၊ ထိုဝါဒ၊ မုချစစ်မှန်သည်။
ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာရှိပေသည်။
ထို့ကြောင့်ဗုဒ္ဓ၊ ယူဝါဒ၊ မုချစစ်မှန်သည်။

မဂ္ဂင်ရှစ်ပါး အကျင့်တရား ဆိုသည်မှာ

ပညာမဂ္ဂင်နှစ်ပါး
၁။ သမ္မာဒိဋ္ဌိ- မှန်စွာသိမြင်မှု။
၂။ သမ္မာသင်္ကပ္ပ- မှန်စွာကြံစည်မှု။

သီလမဂ္ဂင်သုံးပါး
၃။ သမ္မာဝါစာ- မှန်စွာပြောဆိုမှု။


၎။ သမ္မာကမ္မန-္တ မှန်စွာပြုလုပ်မှု။
၅။ သမ္မာအာဇီဝ- မှန်စွာအသက်မွေးမှု။

သမာဓိမဂ္ဂင်သုံးပါး
၆။ သမ္မာဝါယာမ- မှန်စွာကြိုးစား အားထုတ်မှု။
၇။ သမ္မာသတိ- မှန်စွာ သတိကပ်ရှုမှတ်မှု။


၈။ သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ငြိမ်မှု။
ဤသို့အားဖြင့် မဂ္ဂင်ရှစ်ပါး ဖြစ်ပါသည်။

ဆရာတော်ဘုရားက ဆက်လက်ပြီး သံဝေဂ လင်္ကာ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုဟောပြပါတယ်။ ဒီ သံဝေဂ လင်္ကာကို ကျွန်တော် မြောက်ဦးဆရာတော် ဘုရားရဲ့

*ချမ်းသာတာ နိဗ္ဗာန်လား၊ နိဗ္ဗာန်သည် ချမ်းသာတာလား* 

တရားတော်မှာ အရင်ဆုံး နာကြားဖူးခဲ့ ပါသေးတယ်။ တစ်ချို့နေရာတွေမှာ 

စကားလုံး အသုံးလေးတွေ အနည်းငယ် ကွဲပေမယ့်.. သဘောတရားကတော့ အတူတူပါပဲ။ ကဲ.. 

ကျွန်တော်တို့ သံဝေဂ လင်္ကာလေးကို အတူတကွ ရွတ်ဆို ပူဇော်ကြည့်ကြရအောင်..။
အိုဘယ့်လူသား၊ ငမိုက်သားတို့

သင်ကားအ၀ိဇ္ဇာ၊ ပိတ်ဖုံးကာ၍

ငါးဖြာအာရုံ၊ ဒုက္ခဘုံကို

အကုန်မမြင်၊ အကောင်းထင်လျက်

ခုံမင်တပ်မက်၊ တွယ်ကာဖက်လျက်

အောက်ထက်သံသာ၊ စုန်ဆန်ကာဖြင့်

တဏှာလက်သည်၊ ထင်တိုင်းခြယ်၍

အေးတယ်မရှိ၊ ဆင်းရဲဖိသည်

ဝဋ်၏သားကောင်၊ လုံးလုံးတည်း။

ဝဋ်၏သားကောင်၊ ဒုက္ခဘောင်မှ

လွတ်အောင်ရုန်း၍၊ ချမ်းတာတွေ့ဖို့

မမေ့ရုပ်နာမ်၊ ဖြစ်ပျက်ဟန်ကို

အမှန်ဉာဏ်ညှိ၊ ဖြစ်တိုင်းသိလော့။

ဝီရိနှစ်တန်၊ ရှို့မြှိုက်တံဖြင့်

ဆယ်တန်ကိလေ၊ လောင်ကျွမ်းကြေအောင်

မသေမနာ၊ မအိုပါခင်

တက်သုတ်နှင်လျက်

စောလျင်မြန်စွာ၊ ရှို့မြှိုက်ပါလော့။

နောင်ခါကာလ၊ ချိန်လွန်ရဟု

နောင်တ, တကြီး၊ သင်မညည်းနဲ့။

ဇနီးမယား၊ သမီးသားနဲ့

လင်သားအိမ်ယာ၊ အဖြာဖြာကို

ငဲ့ကာဖက်နှေး၊ အချိန်ရွေးက

သေဘေးသင့်ကို၊ ဦးလိမ့်မယ်။

ဟုတ်ပြီ၊ သေဘေးမဦးခင် ဘာအရင် ဦးအောင်လုပ်မလဲ.. ကျွန်တော်တို့ ဆက်ရွက်ကြည့်လိုက်ရအောင်။

အိုဘေးနှိပ်စက် လက်မဦးခင်

နာဘေးနှိပ်စက် လက်မဦးခင်

သေဘေးနှိပ်စက် လက်မဦးခင်

တရားကဦးမှ တော်မည်ထင်။

ဒီလင်္ကာလေးပြီးတော့

ဆရာတော်ဘုရားက လက်တွေ့ကျင့်ဖို့ဆိုပြီး သတိပဋ္ဌာန်နည်း (အကျဉ်း)ကို ဆက်လက် 

ဟောကြားပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သိထားရမှာက သတိပဋ္ဌာန် အကျင့်ပဲ 

ပြောပြော၊ မဂ္ဂင်ရှစ်ပါး အကျင့်လို့ပဲ ဆိုဆို၊ ဗောဇ္ဈင် ခုနစ်ပါး 

အကျင့်လို့ပဲ သုံးသုံး.. ဘယ်လိုပဲ အသုံးအနှုန်း ကွဲပြားနေပါစေတဲ့.. ဘာဝနာ 

တစ်ချက် (အရှိကို အရှိအတိုင်း ရှုမှတ်မိတဲ့အခါ) မှာ ပိဋကတ်သုံးပုံ 

အနှစ်ချုပ်ဖြစ်တဲ့ ဗောဓိပက္ခိယတရား ၃၇-ပါးလုံး အကျုံးဝင်ပြီး 

ဖြစ်ပါတယ်တဲ့..။ ဒါကတော့ မူလမင်းကွန်း ဇေတ၀န် ဆရာတော် ဘုရားတို့၊ နောက် 

ဝေဘူဆရာတော် ဘုရားတို့ရဲ့ အဆုံးအမပါ။ တရားရှုမှတ်နေတဲ့ ယောဂီတွေအတွက် 

တကယ့်ကို အားရှိစရာပါ။ ကဲ.. ကျွန်တော်တို့ ဆရာတော်ဘုရား ဆုံးမတဲ့ သတိပဋ္ဌာန် 

လက်တွေ့ကျင့်စဉ်ကို ကြည်ညိုကြည့်ကြ ရအောင်..။

လက်တွေ့ကျင့်ရန် သတိပဋ္ဌာန် (အကျဉ်း)

ခန္ဓာကိုယ်မှာ ဖြစ်သမျှ၊

စိတ်မှာဖြစ်သမျှ သဘောတွေကို

ဖြစ်နေ ရှိနေတဲ့အတိုင်း သတိနဲ့ စောင့်ရှု၊

အဲဒါ သတိပဋ္ဌာန် ၀ိပဿနာပဲ။

အဲဒါ မဂ္ဂင်ရှစ်တန် အကျင့်မှန်ပဲ။

အဲဒါ မဇ္ဈိမ ပဋိပဒါ အလယ်လမ်း အကျင့်ပဲ။

အဲဒါ သိက္ခာသုံးပါး အကျင့်တရားပဲ။ ။

ချမ်းသာရကြောင်း သဘောတရား အဆင့်ဆင့်

ရုပ်နာမ် သဘာဝကို သဘာဝမျှသာဟု အမှန်အတိုင်း ပိုင်းပိုင်းခြားခြား သိရမည်။

သိအောင် ရှုရမည်။

ရှုမှ တည်ငြိမ်သည်။

တည်ငြိမ်မှ သိသည်။

သိမှ ကိလေသာငြိမ်းသည်။

ကိလေသာငြိမ်းမှ ဆင်းရဲငြိမ်းသည်။

ဆင်းရဲငြိမ်းမှ ချမ်းသာရသည်။

ကိလေသာ ဆိုတာ

မိမိကိန်းရာ၊ သတ္တ၀ါကို

ဗျာပါလှိုက်ဆူ၊

ပူလောင်စေတတ်၊ နှိပ်စက်တတ်၍

ထပ်ထပ်ညစ်ပေ၊ ပြုတတ်လေ

ဆယ်ထွေ ကိလေသာ။

ချမ်းမြေ့ဆရာတော်ဘုရား ရေးသားထားသော စာအုပ်များ

တရားတော် အဆုံးမှာတော့ ဆရာတော်ဘုရားက မေတ္တာပို့လေးနဲ့ 

အဆုံးသတ်ခဲ့ပါတယ်။ မေတ္တာပို့ကိုလည်း ကျွန်တော်တို့ တစ်ကြောင်းကို 

သုံးခေါက်စီ ဆိုကြည့်လိုက်ကြ ရအောင်..။

အားလုံးသတ္တ၀ါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊

ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊

အစစ အရာရာ အဆင်ပြေကြပါစေ။

*****************************************************

တရားတော်ကို ဖတ်ရှု နာယူနေသော ဓမ္မ မောင်နှမတို့အပေါင်း စိတ်နှလုံး အေးမြကြပါစေ။

◘◘◘ ကျးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ၏ ဗုဒ္ဓ ပူဇာ လင်္ကာ ◘◘◘


သန္ဓေယူတော်မူသောနေ့(မ)

၁။ သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မတို့ ညီညာရုံးစု တောင်းပန်မှုကြောင့် ရတုနဂို၊ ရွှန်းရွှန်းစိုသည့် ၀ါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။

ဖွားမြင်တော်မူသောနေ့(သိ)


၂။သန္ဓေယူခါ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည် နတ်လူအောင်မြို့ လမ်းပါကို။

တောထွက်တော်မူသောနေ့(ကြ)


၃။ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့် ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရိပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို။

ဘုရားဖြစ်တော်မူသောနေ့(လျှင်)


၎။တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ကျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့် ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက် ရွှေညောင်တော်ကြီး၊ ဗီတာန်ထီးနှင့်၊ မငြီးကြည်ဖြူ နေတော်မူလျက်၊ ရန်မြူခပင်း မှိုက်သင်းကို၊ အလျှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော် သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို။

ဓမ္မစကြာဟောတော်မူသောနေ့(တွေး)


၅။ ဘုရားဖြစ်ခါ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်၊ ရွမ်းတယ်ကို။

ပရိနိဗ္ဗာန်စံတော်မူသောနေ့(ဆ)


၆။တရားနတ်စည်၊ ဆော်ရွန်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ် စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှန်းဆူသောင်းလုံးကျော်တယ်ကို။

တေဇောဓာတ်လောင်တော်မူသောနေ့(ဦး)


၇။နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဥာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ်ကြွင်းတယ်ကို။

ထိုခုနှစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမွန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။

Wednesday, July 17, 2013

ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုး

       အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်သည်မည်သည့်အရာကိုပဲလုပ်လုပ်မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။
“အသင်သည်အလှူဒါနမပြုတတ်၍ ဖြစ်သည်”ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။
ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။
‘ အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည်
ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။
ထိုခုနှစ်မျိုးမှာ ...
၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း - အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း - အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။
၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း - စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း - ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊
၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း - ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊
၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း - လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။
၇။ နေအိမ်အလှူဒါနပြုခြင်း - မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။မည်သူမဆိုဤအလှူဒါနခုနှစ်မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်အကျင့် ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။