ကွန်ပျူတာကို စပီးလေ့လာဆဲ အစိမ်းသက်သက် ကလေးတွေအတွက် ၃-၄ ရက်လောက်နဲ့ လက်ကွက်ကို ကောင်းကောင်းစနစ်တကျ ရိုက်နိုင်တဲ့ နည်းလေးပါ..........
ပထမဆုံးအနေနဲ့ keyboard position ကို
Left + Right Hand
ဘယ်ဘက် လက်ညှိုးက F key ပေါ်ကို တင် ညာဘက်လက်ညှိုးက J key ပေါ်ကိုတင်....ပြီးတာနဲ့ အစဉ်လိုက်လေး....အသာလေး တင်လိုက်ရုံပါ.....လက်မလေး နှစ်ချောင်းက space bar ပေါ်မှာ ပြိုင်ပီး တင်ထားလိုက်ပါ.......ဒီအခြေအနေဆို စာစရိုက်လို့ရပါပီ.....
a s d f j k l ;
ဆိုပီး အစဉ်လိုက်ရိုက်လို့ရပါပီ.......
key လေးတွေကို မှတ်မိပီ နည်းနည်းလေး မှန်သွားပီး မြန်အောင်ရိုက်နိုင်ပီ ဆိုရင်....
နောက်တစ်ခု ပြောင်းပေးလိုက်ပါ....ဒီတစ်ခါ...
Left Hand
a b c d e f g
ဆိုပီးတော့ ရိုက်ခိုင်းလို့ရပါပီ.....တစ်ခု သိထားရမှာက....keyboard မှာ ပထမဆုံးတင်ထားတဲ့ primary position ကနေ ပီး သက်ဆိုင်ရာလက်လေးတွေကို အစောင်းလိုက်လေးတွေ တက်တယ် ဆင်းတယ်....ဥပမာ.....a ပေါ်တင်ထားတဲ့ လက်က အပေါ်ကိုအစောင်းလေး တက်တယ် q ကို ပေါ့...
အောက်ကိုဆင်းမယ်ဆိုလဲ အစောင်းလေး တိုင်း ဆင်းပါတယ်..ဥပမာ z ကိုပေါ့.....
အဲလိုပဲ သက်ဆိုင်ရာ လက်လေးတွေ က အစောင်းတိုင်းဆင်းပါတယ် ညာဘက်ကို စောင်းပေးရပါတယ်....
Keyboard မှာထူးခြားတာက F နဲ့ J ကို တင်ထားတဲ့နေရာပါပဲ....တင်တဲ့ခလုတ်လေးက တစ်ခြားခလုတ်လေးတွေနဲ့ မတူပါဘူး ...ထူးခြားနေပါတယ်......အဲလိုပဲ စာရိုက်တဲ့ နေရာမှာလဲ ထူးခြားပါတယ်......
တစ်ခြား key လေးတွေက အစောင်းတိုင်း တစ်ခု ချင်းတက် တစ်ခုချင်းဆင်းလုပ်ပါတယ်.....
အဲဒီ F နဲ့ J key လေး နှစ်ခုကတော့ အစောင်းတိုင်းတက်ပီး key 5 ခု ကိုရိုက်လို့ရပါတယ်...
F key ပေါ် တင်ထားတဲ့ ဘယ်ဘက် လက်ညှိုးက g,r,t,v,b key 5 ခု ကို ရိုက်...
J key ပေါ်တင်ထားတဲ့ ညာဘက် လက်ညှိုးကလဲ h,u,y,m,n key 5 ခုကို ရိုက်ပါ....
အဲလို လက်ညှိုးထူးခြားချက်လေးသိရင် ရိုက်ရတာ အဆင်ပြေသွားပါပီ....
အပေါ်မှာ ပြောခဲ့တာ left hand ပီးသွားလို့ မြန်သွားပီဆိုရင်...
Right Hand
h i j k l m n o p
ဆိုပီး key လေးတွေကို ရိုက်ပီး.....မြန်သွားပီဆိုရင် ထပ်ပီး a to p ကို ပေါင်းပီး ရိုက်ပါ... ... ပီးရင်
Left Hand
q r s t ဆိုပီး ရိုက်ပါ....
ပီးရင်.....
Left + Right Hand
u v
ပီးရင် a to v ပြန်ပီးပေါင်းရိုက်ပါ....
Left + Right Hand
w x y z
ပီးရင် အကုန်ပြန်ပေါင်းပီး မှန်မှန်နဲ့ မြန်မြန် ရိုက်နိုင်အောင်ရိုက်ပါ.....
မှန်သွားပီ....မြန်သွားပီ....မှတ်မိပီဆိုရင်....အောက်က စာကြောင်းလေးကို ရိုက်ကြည့်ပါ......
a quick brown fox jumps over the lazy dog.
ဒီစာကြောင်းလေးက a to z အကုန်ပါတဲ့ စာကြောင်းလေးပါ.....ဒါလေးကို မှန်မှန်နဲ့ မြန်မြန်ရိုက်နိုင်အောင်ကျင့်လိုက်ပါ.....
၂ ရက်ကောင်းကောင်းလောက်ဆို အကုန်မှတ်မိပီး တော်တော်လေး ရိုက်နိုင်ပါတယ်.....
ကျွန်တော် သိတာလေးကို မျှဝေပေးခြင်းဖြစ်ပါတယ်.....
No comments:
Post a Comment