ဖုန်းတစ်လုံးနဲ့
တစ်လုံး အင်တာနက် မျှဝေသုံးစွဲတယ်ဆိုတာ တစ်ချို့နေရာတွေမှာ အရေးတကြီး လိုပါတယ်။ အင်တာနက်ဆိုင်မှာ
ဆိုရင် ကြိုးတွေ၊ switch တွေ ၊ Hub တွေနဲ့ ရှုပ်နေပါတယ်။ အခုတော့ အင်တာနက်ဆိုင်ကို
မသွားဘဲ အင်တာနက်ကို မျှဝေသုံးစွဲလို့ရပါတယ်။ ဆိုလိုရင်းကတော့ ဖုန်းတစ်လုံးကပဲ အင်တာနက်လိုင်း
ချိတ်ထားပီး ကျန်ဖုန်းတစ်လုံးက အင်တာနက်မချိတ်ထားလဲ Wifi ကို မျှဝေသုံးစွဲသကဲ့သို့
အင်တာနက်ရှိတဲ့ ဖုန်းမှ တစ်ဆင့် မိမိဖုန်းကို အင်တာနက် အသုံးပြုနိုင်အောင် လုပ်မဲ့နည်းပဲ
ဖြစ်ပါတယ်။
ပထမအဆင့်ကတော့ အင်တာနက်ချိတ်ထားတဲ့ ဖုန်းကို
setting အရင်ချိန်ပေးရမယ်။ဒါကြောင့် အင်တာနက်ချိတ်ထားတဲ့ ဖုန်းကို Setting ထဲဝင်လိုက်ပါ။
Wireless & Network ဆိုတာကို နှိပ်ပါ ပြီးရင် WLAN setting ဆိုတာကို tip ပေးခဲ့ပါ။
ပြီးရင် အောက်ဘက်မှာ Tethering & portable hotspot ဆိုတာကို နှိပ်ပါ။
Tethering & portable hotspot ကို ရောက်ရင်တော့ Portable WLAN hotspot
setting ကို ၀င်လိုက်ပါ။
Portable WLAN hotspot setting ထဲ ရောက်ရင်
အင်တာနက်ရှိတဲ့ ဖုန်းမှာ အင်တာနက်လိုင်းကို မျှဝေပေးဖို့အတွက် Portable WLAN
hotspot ကို tip ပေးရပါမယ်။ တစ်ဆက်တည်းမှာပဲ Configure WLAN
hotspo မှာ ဖုန်းကို password ပေးထားဖို့အတွက် တစ်ချက်နှိပ်ပါ။
Configure
WLAN hotspot မှာတော့ Network SID မှာ မိမိကြိုက်ရာ နာမည်ပေးပါ။ Password နေရာမှာတော့
မိမိ အသုံးပြုမယ့် password ကို ရိုက်ထည့်ပါ။ ဒါက မိမိဖုန်းမှ wifi share ပေးထားပေမယ့်လည်း
တစ်ခြားသူက တိုက်ရိုက်သုံးလို့ရမှာ မဟုတ်ဘဲ password ရိုက်ထည့်မှ သုံးလို့ရအောင်
defense လုပ်ထားခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ save လိုက်ပါ။ ဒါကတော့ မိမိ ဖုန်းရဲ့ အင်တာနက်လိုင်းကို
မျှဝေသုံးဖို့အတွက် share လုပ်ပေးခြင်းဖြစ်ပါတယ်။
No comments:
Post a Comment