GSM
ဖုန်းကို အင်တာနက်ချိတ်ဆက်အသုံးပြုဖို့အတွက် ပထမဆုံး မြန်မာ့ဆက်သွယ်ရေးမှာ အင်တာနက်ဝန်ဆောင်မှုစနစ်ကို
တစ်သောင်းကျပ်ပေးပီး လျောက်ထားရပါမယ်။ လိုင်းစတင်အသုံးပြုဖို့အတွက် ၂၄ နာရီစောင့်ဆိုင်းရပါတယ်။
အင်တာနက်သုံးစွဲခကတော့ တစ်ခြားဖုန်းအမျိုးအစားတွေထက် သက်သာပါတယ်။ တစ်မိနစ်ကို ၂ ကျပ်ပဲ
ကျသင့်မှာဖြစ်ပါတယ်။ တစ်နာရီလုံးမှ ၁၂၀ ကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ အင်တာနက်ဆိုင်တွေမှာ
သွားသုံးတာထက် စာရင် ကုန်ကျစရိတ် သက်သာတာကို တွေ့ရှိရပါတယ်။ လိုင်းလေး နည်းနည်းလေးတာကလွဲလို့ပေါ့။
ဘယ်အရာမဆို ဆိုးကျိုးကောင်းကျိုးတော့ ဒွန်တွဲနေတာပေါ့နော်။ Access Point Name ပေးပီး
သွားတာနဲ့ ဖုန်းကို အသုံးပြုပြီးတော့ အင်တာနက်စတင် သုံးစွဲလို့ရပါပြီ။
ပထမဆုံး APN စတင်ပေးဖို့အတွက် ဖုန်းထဲမှ
Settings ထဲကို touch (တစ်ချက်ထိပီး) ၀င်လိုက်ပါ။
Settings
ထဲကို ၀င်ပြီးသွားတဲအချိန်မှာတော့ မိမိဖုန်းမှာ ထည့်ထားတဲ့ settings တွေအားလုံးကို
ပြင်ဆင်နိုင်တဲ့နေရာကို တွေ့ရပါမယ်။
အခုတော့ network ပိုင်းပြင်မှာဖြစ်တဲ့ အတွက်
Wireless & Network ဆိုတာကို ဖွင့်လိုက်ပါ။ Settings ထဲကို ရောက်တဲ့အခါ Mobile
Network ထဲကို ၀င်လိုက်ပါ။ အဲထဲက Access Point Name ဆိုတာကို နှိပ်ပါ။
Access
Point Name မှာ အောက်ပါအချက်တွေကို ပြင်ဆင်ပေးပါ။
Name မှာ မိမိစိတ်ကြိုက်နာမည်ပေး (ဥပမာ-mpt)
APN မှာ mptnet
User
Name မှာ မိမိ စိတ်ကြိုက်နာမည်
MCC မှာ 01
APN
Type မှာ Internet
ဆိုတာတွေကို ပြင်ပီး ရိုက်ထည့်ပေးပါ။
အားလုံးပြီးသွားရင်
Save လိုက်ပါ။ အခုဆိုရင် အင်တာနက်စတင် အသုံးပြုလို့ရပါပြီ။ လိုင်းဆွဲအားကောင်းရင် အသုံးပြုရတာ
အဆင်ပြေပါလိမ့်မယ်။ Computer ၊ Laptop တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
No comments:
Post a Comment