Sunday, June 23, 2013

◘◘◘ ပျောက်ဆုံးနေတဲ့ည.........!!! ◘◘◘

ကြယ်စင်တွေကင်းမဲ့
မှောင်မိုက်အတိနဲ့ လ မရှိတဲ့ကောင်းကင်
ဒါ…လမိုက်ည တဲ့…
ကြယ်လေးတွေရေ..ဘယ်ဆီမှာ ပုန်းလျှိုးနေကြသလဲ..
လမင်းကြီးရေ…ဘယ်ရောက်နေခဲ့လဲ..
တိတ်ဆိတ်ခြင်းက ကြီးစိုးလို့..
ငြိမ်သက်ခြင်းက လွမ်းမိုးလို့..
ဒါ သဘာဝတရားတဲ့လား..
ခေါင်းထဲမှာ အဖြေရှာ
ကစဥ့်ကလျား စိတ်တွေနဲ့
ရွေ့လျားနေတဲ့ မိုးတိမ်
တူညီမှုက ငြိမ်သက်ခြင်းမရှိတာပဲ..
ခုချိန်ဆို
သူ ဘာလုပ်နေမလဲ..
ငါ ဘာလုပ်နေတာလဲ..
မရေရာ မသေချာ
အတွေးများနဲ့..
အခန်းကျဉ်းလေးထဲမှာ
ငါ တစ်ယောက်တည်း
တစ်ညတာ ကုန်ဆုံးသွားခဲ့တယ်..
ငါ..မအိပ်ခဲ့ရဘူး..
ဘာမှ မသိခဲ့ရဘူး..

No comments:

Post a Comment