Tuesday, June 25, 2013

မေမေ့အပြုံးနှင့်..သားခရီးသည်


အနိုင့်မဲ့ပါမေမေ
အားလုံးသောစကြာဝဠာရှိ
သတ္တ၀ါအားလုံနဲ့
မေမေဘက်မှာသားရှိတယ်
မေတ္တာလှိုင်းထပ်
ခွန်းအားဒြပ်ကိုပြတဲ့အခါ
သမုဒ္ဒရာမြင့်မိုရ်
ကမ္ဘာပြိုသည်အထိ
ပကတိမှိခိုရာဟာ
မေမေသာဖြစ်စေခဲ့တယ်..
ကြည့်ပါဦး မေမေ
သားမျက်ရည်မကျပေမယ့်
အသွားခက်စေတဲ့ခရီးမှာ
မသွားရက်ပေမယ့်
သွားလျှက်ကျောခိုင်းရပြန်ပြီ
ပြုံးပြပါမေမေ
အငိုခက်စေတဲ့စကား
ခွဲခွာခြင်းခရီးကြားမှာ
မေမေ စည်းတားမထားပါနဲ့....မေမေ

No comments:

Post a Comment