Tuesday, June 25, 2013

သတိတရ ကျရှုံးခြင်း




ဒီနေ့ နင့်အကြောင်းတွေပဲ

ငါ တွေးနေမိတယ် သတိရတယ်ဟာ

နင် ငါ့ကိုသတိရလားလို့တော့

မမေးတော့ပါဘူး

နင်ကငါ့ကို ဘယ်တုန်းကမှမချစ်ခဲ့လိုပါ

ငါ့အနားမှာ အကြာကြီးနေခဲ့ပြီးမှ

ဘာလို့ တစ်သက်စာ ထွက်သွားရတာလဲ

ငါ နင့်ကိုအရမ်းချစ်ခဲ့တာလေ

အလွမ်းတွေနဲ့ တစ်ယောက်ထဲ

စိတ်ကူးတွေကလဲ မလှတော့ဘူး

ရင်ခုန်နေတဲ့ အချိန်တွေတိုင်

မျှော်လင့်နေတာ နင်ပြန်လာဖို့လေ

ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာသိသိနဲ့

ငါ ပျော်မနေခဲ့ပါဘူး နင် ထွက်သွားတဲ့နောက်မှာ

ငါကအမြဲတမ်း နင့်အနားမှာရှိချင်ခဲ့တာ

ဘာတွေပဲလုပ်လုပ် နင့်ကိုသတိရတဲ့စိတ်က မပျာက်ဘူး

အရင်အတိုင်းပါပဲ…

No comments:

Post a Comment