ကိုးလလွယ် ဆယ်လဖွားကာ
လူ့လောကထဲ
အသက်နဲ့ရင်းကာ
ပေးဆပ်ခြင်းနဲ့
ခေါ်ဆောင်ပေးခဲ့သော
ကျေးဇူးရှင်
မေမေ….
လူမမယ် ကလေး
ရင်ခွင်ထဲပိုက်ထွေးကာ
နို့ချိုတိုက်ကျွေး
အရိပ်တကြည့်ကြည့်နဲ့
ပြုစုယုယပေးခဲ့သော
ကျေးဇူးရှင်
မေမေ…..
အရွယ်ရောက်လာ
ပညာပေးကာ
အကောင်းအဆိုး
ဝေဖန်ပိုင်းခြားတတ်အောင်
ဆိုဆုံးမခြင်းများဖြင့်
သင်ကြားပေးခဲ့သော
ကျေးဇူးရှင်
မေမေ……
အမှားများကို
အကြိမ်ကြိမ်ပြုလုပ်ခဲ့သော
သားသမီးတွေအပေါ်
အပြစ်မမြင်
ကြင်နာမှုနှလုံးသား
နားလည်မှု အပြုံးနှင့်
အစဉ်ပေးဆပ်ကာ
ချစ်ခင်မြဲ ချစ်ခဲ့သော
ကျေးဇူးရှင်
မေမေ….
အမေ့ချွေး
အမေ့ အားတွေဟာ
သားသမီးတွေအတွက်
ပေးဆပ်ခြင်းတွေပဲဆိုတာ
သမီး….
နားလည်ရခဲ့ပါပြီ…
မေမေ
မေမေ
မေမေ…
အနှိုင်းမဲ့ မေတ္တာများဖြင့်
ချစ်ခဲ့သောမေမေအတွက်
စကားလေးတစ်ခွန်းက
မေ့မေ့ကို
အရမ်းချစ်တယ်….မေမေ….
------------
ကမ္ဘာပေါ်မှာရှိသော အမေများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ….
No comments:
Post a Comment