- AutoCAD Program လေးကို shortcut ထားနည်းလေးနဲ့ စဖွင့်ဖွင့်ချင်း သတ်မှတ်ထားသင့်တဲ့ Unit setting လေးများကို ပြောပြပေးချင်ပါတယ်.....ကျွန်တော်ရေးသားတဲ့ Post လေးများသည် သူငယ်ချင်း များအတွက် လွယ်ကူချင်လွယ်ကူနေပါမည်။ AutoCAD ကို အခုမှ စပီးအစိမ်းသက်သက်လေ့လာနေတဲ့ သူငယ်ချင်းများအတွက်တော့ သေချာပေါက် အထောက်အကူဖြစ်မှာပါ....
- AutoCAD program ကို စဖွင့်မယ်ဆိုရင်....
Desktop ပေါ်က shortcut လေးကနေလဲ ဖွင့်နိုင်ပါတယ်.....
တကယ်လို့ Desktop ပေါ်မှာ shotrtcut မထားရသေးဘူး ဆိုရင်တော့ ကိုယ်ထားချင်တဲ့ program လေး
ဆီကို Start-->All Program ကနေသွားလိုက်ပါ...ရောက်ရင်တော့ အဲဒီ program လေးပေါ် ကို
Right click-->Sent to Desktop ဆိုတာကို နှိပ်ပြီး desktop ပေါ်မှာ shortcut ထားနိုင်ပါတယ်...
- Desktop ပေါ်က shortcut လေးကို taskbar ပေါ်မှာ Pin လုပ်ထားနိုင်ပါတယ်....
လွှတ်လိုက်ပါ.....
Program လေးကို pin လုပ်ပီးသားဖြစ်သွားပါမယ်....
ပြန်ဖြုတ်ချင်ရင်တော့ taskbar ပေါ်က program လေးပေါ်ကို right click-->Unpin this program from this taskbar.
- AutoCAD Program ကို စဖွင့်လျှင် Unit များ သတ်မှတ်ပေးရန် လိုပါတယ်....ကိုယ် ဘယ်လို unit [Imperial(inch/feet),Metric(mm)]ဆွဲမလားဆိုတာကိုအရင်သတ်မှတ်ပေးရန်လိုပါတယ်.....အဲဒီလိုသတ်မှတ်ပေးဖို့ program စဖွင့်ဖွင့်ချင်းမှာ startup dialog box ကျလာတာ မရှိသလို....မကျဘဲ တန်းပွင့်လာတာ ရှိပါတယ်....တကယ်လို့ startup dialog box ကျလာရင် unit တစ်ခါတည်း သတ်မှတ်ပေးခဲ့လို့ရပါတယ်.....မပေါ်ခဲ့ဘူးဆိုရင် အထဲရောက်မှ unit သတ်မှတ်ပေးလို့ရပါတယ်......
- startup dialog box ကို program စဖွင့်ဖွင့်ချင်း မပေါ်စေချင်ဘူး ဆိုရင်.....command box မှာ value ပြောင်းပေးရမှာပါ.....
တကယ်တော့ startup dialog box က ရှုပ်ပါတယ် မပေါ်အောင်လုပ်ထားတာကောင်းပါတယ်....unit ကို အထဲရောက်မှ တစ်ခါတည်း သတ်မှတ်ပေးလို့ရပါတယ်........
- Unit သတ်မှတ်ပေးမယ်ဆိုရင် Drawing Unit & Dimension Unit ဆိုပြီး (၂) မျိုးရှိပါတယ်....
Dimension Unit သတ်မှတ်ပေးမယ်ဆိုရင် Dimension--> Dimension style ဆိုတာကို နှိပ်ပါ....Dimension style manager dialog box ကျလာပါမယ်....အဲဒီထဲမှ modify ကကို နှိပ်ပါ.....unit မှာ ပြောင်းပေးနိုင်ပါတယ်......
အခုလို ပြောင်းပေးလိုက်တာနဲ့ startup dialog box မှာ ပြောင်းခဲ့တာနဲ့ အတူတူပါပဲ.....startup dialog box ကိုဖျောက်ထားတာ ကောင်းပါတယ်.....
No comments:
Post a Comment