Monday, July 15, 2013

☻☻☻ ကိုယ်ချင်းစာစိတ်လေးတွေနဲ့ နားလည်ပေးရအောင်☻☻☻

  • ကိုယ့်မှာအားနည်းချက်တွေရှိတဲ့အခါ ဘယ်လိုပဲ
    စိတ်ဓါတ်ခိုင်မာတဲ့ သူတစ်ယောက်ဖြစ်ပါစေ တစ်ခြားသူတွေရဲ့ 
    အကြည့်တစ်ချက်ကြောင့် ၀မ်းနည်းမိတဲ့ အချိန်လဲရှိနေတတ်ပါတယ်

    ကိုယ့်မှာအားနည်းချက်တွေရှိတဲ့အခါ ဘယ်လိုပဲ
    လျှစ်လျူရှု့ နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေ တစ်ခြားသူတွေရဲ့ 
    စကားတစ်ခွန်းကြောင့် မျက်ရည်ကျမိတဲ့အချိန်တွေလဲရှိနေတတ်ပါတယ်

    ကိုယ့်မှာအားနည်းချက်တွေရှိတဲ့အခါ ဘယ်လိုပဲ
    ပြတ်သားတဲ့ သူတစ်ယောက်ဖြစ်ပါစေ တစ်ခြားသူတွေရဲ့ 
    အပြုအမူကြောင့် အားငယ်သွားတဲ့အချိန်တွေလဲ ရှိနေတတ်ပါတယ်

    အဲ့လို အတွေးလေးတွေရှိလာတဲ့အခါ......လူတိုင်း လူတိုင်းမှာ
    အားနည်းချက်ဆိုတာရှိတတ်စမြဲမို့  သူ့ နေရာမှာ ငါသာဆိုရင်ဆိုတဲ့
    ကိုယ်ချင်းစာတတ်တဲ့ စိတ်ကလေးနဲ့ အကောင်းဆုံးကိုတွေးပီး
    နားလည်ပေးနိုင်ဖို့  ကြိုးစားလိုက်ကျရအောင်နော်.........

No comments:

Post a Comment