Sunday, July 28, 2013

◘◘◘ ဖေဖေ့ ကိုချစ်တယ်။ ◘◘◘

တစ်ခါကလူတစ်ယောက်ဟာ
 သူ.ကားကိုပြင်နေတုန်း သူ.သားလေးက ကားကိုခြစ်နေတာတွေ့တော့ ဒေါသထွက်ပြီး
သူ့သားရဲ့လက်ကို ရိုက်လိုက်တယ်။ သူ.လက်ထဲမှာ ၀က်အူလှည့်ကိုင်ထားတာကိုသတိမထားမိဘဲ အချက်ပေါင်းများစွာ ရိုက်နှက်နေတုန်း
လက်ကသွေးတွေစေးကပ်လာမှသတိထားမိေ
တာ့ ကလေးကသတိလစ်နေပြီ။
ဆေးရုံပေါ်မှာကလေးက သူ.လက်ငုတ်စိလေးတွေကိုကြည့်ရင်း “ဖေဖေ သားလက်ကလေးတွေ ဘယ်တော့ပြန်ပေါက်မှာလဲဟင်” လို.မေးတော့ သူ.မှာယူကြုံးမရပေါ့ အိမ်ပြန်ပြီး
သူ.ရဲ့ကားကို ခြေထောက်နဲ့ အကြိမ်ကြိမ်ကန်နေတုန်း
 သူ.သားခြစ်သွားတဲ့နေရာမှာတွေ.လိုက်တာက “ဖေဖေ့ကိုချစ်တယ်”တဲ့ နောက်နေ.မှာအဲဒီလူကိုယ့်ကိုကိုယ် သတ်သေသွားတယ်။ သင်လည်း ဒေါသနဲ့ မေတ္တာမှာ မေတ္တာကိုသာရွေးချယ်ပါ။
ပစ္စည်းဆိုတာ အသုံးချဖို. လူဆိုတာ အချစ်ခံဖို့ပါ ဒါပေမယ့် ယနေ့လောကမှာ ပစ္စည်းတွေကအချစ်ခံနေရပြီး လူတွေက အသုံးချခံနေရတယ် သင်သာဒီလိုလူမျိုး ဖြစ်နေခဲ့ရင်

အပေါ်ကဖြစ်ရပ်လေးကို သတိရပါ။

ဒေါသစိတ်တွေ လျှော့နိုင်ကြပါစေ…..

No comments:

Post a Comment