Sunday, July 21, 2013

◘◘◘ ဖုန်းက INTERNET ကို ကွန်ပျူတာမှာ ချိတ်ဆတ်အသုံးပြုနည်း ◘◘◘







ဖုန်း အင်တာနက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးချင်ရ အလွယ်ကူဆုံး နည်းလမ်းလေးကို ဖော်ပြပေးထားပါတယ်။ အောက်ပါအတိုင်း လုပ်ဆောင်ကြည့်ပါ


အဆင့်(၁) easytether ကို ဖုန်းထဲတွင် Install လုပ်ယူပါ။ USB ကို အမှန်ခြစ်ပေးထားပါ။


အဆင့်(၂) easytether ကို ကွန်ပျူတာတွင် Installl လုပ်ပါ။


အဆင့်(၃) ဖုန်းကို အင်တာနက် ဖွင့်ထားပြီး USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ ဖုန်းတွင် USB debugging ဖွင့်ထားရန် လိုသည်။

အဆင့်(၄) ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်ပါက ကွန်ပျူတာ taskbar  ညာအောက်ဖက်တွင် easytether Icon လေး ပေါ်နေလိမ့်မည်။ နှိပ်လိုက်ပါက ဖုန်းနှင့် ချိတ်ဆက်ထားသော Connect Via Android (your phone name) ဆိုသော စာတန်းလေးကို နှိပ်ပေးပါ။

အဆင့်(၅) Mozilla Firefox ဖွင့်၍ အင်တာနက် သုံးစွဲနိုင်ပါပြီ။

မှတ်ချက်။ Android ဖုန်းတိုင်း အသုံးပြုနိုင်သည်။

No comments:

Post a Comment