- Windows Key+ R ဆိုပြီး ခေါ်လို့ရတဲ့ Run Box မှာ ကိုယ်ဖွင့်ချင်တဲ့ application တွေကို ဖွင့်လို့မရပါဘူး ..Windows ကနေ Default သတ်မှတ်ပေးထားတဲ့ နာမည်နဲ့ သတ်မှတ်ပေးထားတဲ့ program တွေကိုပဲ ဖွင့်လို့ရပါတယ်…ဒါဆို Run box ကနေ ကိုယ် အသုံးများတဲ့ program တွေကို အလွယ်တကူခေါ်ချင်တယ်ဆို ဘယ်လိုလုပ်ရမလဲ …ဒါကလွယ်ပါတယ် ..
- အရင်ဆုံး Control Panel ထဲကိုသွား ( အဲဒါကိုတော့ RunBox မှာ control လို့ရိုက်ပြီးသွားလို့ရပါတယ်) ပြီးရင် system ထဲကိုဝင်.. အဲဒီမှာ System ဆိုပြီး search box မှာရိုက်လိုက်မယ်ဆိုရင် Edit the system environment variables ဆိုတာ ပေါ်လာမယ် .. အဲဒီကို Click လိုက်ရင် System properties ဆိုပြီး box တစ်ခုပေါ်လာပါမယ်။ အဲဒီကမှ Advanced Tab ထဲမှာ Environment Variables ဆိုတာလေးကို တွေ့လိမ့်မယ်. .ထပ်ဝင်လိုက်ပါ .. ဒီနေရာမှာ User Variables နဲ့ System Variables ဆိုပြီး နှစ်မျိုးရှိပါလိမ့်မယ် ..
- System Variables မှာ New tab ကိုနှိပ်ပြီး variable name မှာ Path(ကြိုက်တာပေးပါ) variable value မှာ C:\(folder name) ကိုယ်ဆောက်ထားတဲ့ folder ရဲ့ Path လမ်းကြောင်းကို copy ကူးပြီးထည့်ပေးပါ...
- ပြီးရင် စောစောက ဆောက်လိုက်တဲ့ C: အောက်မှာ ဆောက်ထားတဲ့ folder ထဲကို အသုံးပြုချင်တဲ့
- Application shortcut တွေကို copy ကူးထည့်ပါ။ ပြီး ရင် run box ကနေ ခေါ်သုံးချင်တဲ့ name ပြောင်းပေးလိုက်ပါ....ပြီးရင် အဲ name ကို run box မှာ ရိုက်ထည့်ပီးခေါ်သုံးနိုင်ပါပြီ....
အဆင်ပြေကြပါစေ.....
No comments:
Post a Comment