အာရ်ကန်တိုင်းမ်စ် (သတင်း)
အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် တဦးနဲ့တဦး ဖွင့်ဆိုပုံချင်း မတူညီကြသော်လည်း အများနဲ့သက်ဆိုင်သော အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ရာ၌ မိမိတို့၏ ပြီးမြောက်အောင်မြင်မှု (achievement )ကြောင့် စိတ်ကျေကျေနပ်နပ်ဖြင့် ခံစားလိုက်ရမှုကို အောင်မြင်မှုဟုခေါ်ဆိုကြောင်းနှင့
ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ပြီး လကုန်ရက်ထိ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပနေသည့် (International Visitor Leadership Program)သို့ တက်ရောက်ဆွေးနွေးနေသည့် လူငယ်စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ)ကို အာရ်ကန်တိုင်းမ်စ်မှ တယ်လီဖုန်းလိုင်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် သူက ထိုသို့ပြောကြား လိုက်ခြင်းဖြစ်သည်။
လူငယ်များအတွက် မိမိတို့၏ဘ၀တွင် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အလုပ်အကိုင်ပဲဖြစ်ဖြစ
“ လူငယ်တွေအတွက် ဘ၀မှာ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အလုပ်အကိုင်ပဲဖြစ်ဖြစ
အရေးကြီးဆုံး နောက်ဆုံးအချက်တခုအနေဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူမှု (Learning) ရှိဖို့ လိုအပ်ကြောင်းလည်း သူကထပ်မံဖြည့်စွက် ပြောသည်။
“ ဒီဘက်ခေတ်မှာတော့ ဘ၀တသက်တာ စဉ်ဆက်မပြတ် လေ့လာသင်ယူမှု (life long learning) ရှိဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာအရဆိုရင် သေရင်တောင် သင်ယူမှုက မရပ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က နောက်ဘ၀မှာ ဆက်သင်ရအုံ့မယ်။ သံသရာတခုလုံး နိဗ္ဗာန်ကို မရောက်မချင်း လေ့လာသင်ယူရမှာဖြစ်တဲ့အတွက် အောင်မြင်ချင်တဲ့ လူငယ်တွေအတွက် လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါနဲ့ ။ (knowledge, Skill နှင့် Attitude) တွေကို များသထက် များအောင်ဖြည့်ပါ၊ ဒါဆိုရင်တော့ အနှေးနဲ့ အမြန် အောင်မြင်လာမှာဖြစ်ပါတယ်။ ” ဟု ၄င်းက ပြောကြားသည်။
စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ)ကို 1986 ခုနှစ်တွင် အင်းစိန်-ရန်ကုန်၌ အဘဦးစောအောင် အမိဒေါ်သီသီထိုက်တို့မှ မွေးဖွားခဲ့သည်။
ဆရာလင်းသိုက်ညွှန့် (မြန်မာ့မြေ) သည် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလထုတ် Beauty မဂ္ဂဇင်းတွင် “ ကျွန်တော်အကြိုက်ဆုံး စာအုပ်တအုပ် ” ဆောင်းပါးဖြင့် စာပေလောကသို့ စတင်ချေခြ၀င်ရောက်လာခဲ့ပြီး လက်ရှိတွင် ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်များ၌ ဆောင်းပါးပေါင်း ၁၀၀၀ ကျော်၊ ၀တ္ထု ၆ အုပ်၊ ဆောင်ပါးပေါင်းချုပ် ၁၃ အုပ်နှင့် မြန်မာနိုင်ငံ မြို့ရွာအနှံ့တွင် စာပေဟောပြောပွဲပေါင်း ၅၀ ကျော် ဟောပြောပြီးဖြစ်ကြောင်း သိရသည်။
ဆရာလင်းသိုက်ညွှန့်၏ ထွက်ရှိသမျှ စာအုပ်များမှာ ရောင်းအားအကောင်းဆုံးစာရင်းဝင်ေ
http://arakantimes.net/
No comments:
Post a Comment