ဒီ
Connection အမျိုးအစားကတော့ ဂြိုလ်တု ဆက်သွယ်ရေး စနစ်ကို သုံးပြီးတော့
Internet Connection ကော၊ ဖုန်းလိုင်း ကော နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့
Connection အမျိုးအစား ဖြစ်ပါတယ်။ iPSTAR Connection ကလဲ
မြန်မာနိုင်ငံတွင် အသုံးပြုနေသော အင်တာနက် ၀န်ဆောင်မှုများအနက်မှ Broadband
Connection အမျိုးအစား တစ်မျိုးလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ
ဆိုရင်တော့ ဆက်သွယ်ရေးခက်ခဲတဲ့ နေရာ ဒေသတွေမှာ ဖုန်းလိုင်း
အသုံးပြုချင်လို့ iPSTAR Connection ကို အသုံးများကြတာ ဖြစ်ပါတယ်။
အရင်တုံးကတော့ အထက်တန်းကျောင်းတွေမှာ e-Learing အတွက် အသုံးပြုကြတယ်။
ကျိုက်ထီးရိုးဘုရားတောင်ပေါ်မှာတောင် iPSTAR ဖုန်းဆိုပြီးတော့
ဝန်ဆောင်မှုပေးတာတွေလဲ အရင်နှစ်တွေတုံးကတော့ ရှိခဲ့ဘူးတယ်။ (၂၀၀၀ခုနှစ်
ကျော်လောက်က ထင်တယ်။ iPSTAR phone ဆိုပြီးတော့ ဖုန်းဆက်သွယ်
အသုံးပြုနေတာကို တွေ့ဘူးတယ်။) iPSTAR Connection ကို လိုချင်တယ်ဆိုရင်တော့
MPT မှာလျှောက်ထားနိုင်ပါတယ်။ ဆက်သွယ်ရေး ခက်ခဲ့တဲ့ နေရာတွေမှာ
လုပ်ငန်းအတွက်သုံးမယ်ဆိုလဲ လုပ်ငန်းလိုင်စင်တို့၊ လိုအပ်တာတွေ
တင်ပြပြီးတော့ မြန်မာဆက်သွယ်ရေးကို လျှောက်ထားနိုင်ပါတယ်။
အခုသိသလောက်ကတော့ သိပ်မချပေးတော့ပါဘူး။ iPSTAR Connection ဟာ
ဂြိုလ်တုဆက်သွယ်ရေး စနစ်တစ်ခု ဖြစ်တာကြောင့် ဖုန်းလိုင်း (Cable Phone
Line) ရှိစရာမလိုပါဘူး။ သူ့မှာ Internet; e-mail ; Phone Line တို့ကို
တချိန်တည်း၊ တပြိုင်နက် တည်းအသုံးပြုနိုင်ပါတယ်။ အချိန်းမရွေး (7days and
24 hours) နေ့ညမပျက်အသုံးပြုနိုင်ပါတယ်။ မီးမလာရင်တောင်မှ Watt (2000)
လောက်ရှိတဲ့ အင်ဗတာ သို့မဟုတ် မီးစက်တို့ဖြင့်လည်း အသုံးပြုနိုင်ပါတယ်။
iPSTAR Connection ရဲ့ Satellite Dish (စလောင်းဗန်း) ကိုတော့ ၂ပေ၊ ၄ပေ
ဆိုပြီးတော့ အသုံးပြုကြပါတယ်။ (ပုံမှာ Satellite Dish
တပ်ဆင်ထားတာကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။) iPSTAR Connection
တစ်ခုလျှောက်လိုက်ပြီးဆိုတာနဲ့ ဖုန်းလိုင်း (၄)လိုင်းကို
တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရိုးရိုး Digital Phone တွေနဲ့တော့
နံပါတ်ကတော့ မတူပါဘူး။ သူ့ဖုန်းမှာ ဂဏန်းကတော့ (၇)လုံး ရှိပါတယ်။ ၃၃၅၅၆၆၇
တို့လိုမျိုး၊ ၄၄၂၂၈၈၁ တို့လိုမျိုး (၃၃နဲ့၄၄) စတဲ့
ဖုန်းလိုင်းမျိုးတွေဖြစ်ပါတယ်။ ဖုန်းခေါ်ခနှုန်းကတော့ တစ်မိနစ်ကို
(၅၀)ကျပ်ကို မြန်မာငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။ အ၀င်ဖုန်းခေါ်ဆိုမှု အတွက်
ဖုန်းခပေးစရာမလိုပါဘူး။ အထွက်ခေါ်ဆိုမှုအတွက်သာ ပေးဆောင်ရမှာဖြစ်ပါတယ်။ ဖုန်း
လေးလုံးရှိတယ်ဆို လေးလုံးလုံး တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။
ဖုန်းကြေးကိုလဲ တစ်လုံးချင်းဆီ ဆောင်ရမှာဖြစ်ပါတယ်။ နိုင်ငံခြား (oversea
call )ကိုလဲ Digital Phone လိုမျိုးခေါ်ဆိုနိုင်ပါတယ်။ ကျသင့်ငွေကတော့
Digital Phone အတိုင်းကျသင့်ပြီးတော့ FEC နဲ့ဆောင်ရမှာဖြစ်ပါတယ်။
ဖုန်းကြေးဆောင်ရမယ့် နေရာနဲ့ဝေးတဲ့နေရာတွေမှာဆိုရင်တော့ ပုံသေ
ဖုန်းကြေးကို ဆောင်ထားလို့ရပါတယ်။ တစ်လကို တစ်သိန်းနဲ့ ပုံသေ
ဖုန်းကြေးဆောင်ထားလို့ ရပါတယ်။ အဲဒီတစ်သိန်းဆောင်ထားမယ်ဆိုရင်
ဘယ်လောက်ဖုန်းပြောပြော တစ်လအတွက် အပြီး တစ်သိန်းဖြစ်ပါတယ်။
ဖုန်းအသုံးပြုတဲ့ အချိန်များတယ်ဆိုရင်တော့ တန်မယ်ပေါ့ဗျာ။ မများရင်တော့
မတန်ဘူးပေါ့။ iPSTAR Broadband Connection မှာ VoIP (Voice Over Internet
Protocol) ကိုလဲအသုံးပြုနိုင်ပါတယ်။ VoIP အတွက်ဆိုရင်တော့ ဖုန်းပြောခက
မတူပါဘူး။ နည်းနည်းများသွားမှာဖြစ်ပါတယ်။ iPSTAR Connection
ဖုန်းလိုင်းကိုတော့ရိုးရိုးဖုန်းလိုင်းလိုမျိုး အသံကြည်လင်ပြတ်သားစွာ
ကြားနိုင်ပါတယ်။ iPSTAR Connection တပ်ဆင်မယ်ဆိုရင်တော့ သိန်း (၅၄)သိန်း
ကုန်ကျမှာဖြစ်ပါတယ်။ တပ်ဆင်စရိတ်တွေ၊ ပညာရှင်ခတွေ
(ကျွှမ်းကျင်တဲ့လူတပ်ဆင်ပေးမှသာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။
လိုင်းဖမ်းဖို့အတွက်၊ (ခေါင်းမိုးပေါ်မှာ လိုင်းမိတာလား၊ မြေကြီးပေါ်မှာပဲ
ဒီတိုင်းလိုင်းမိတာလား ဆိုတာ စမ်းသပ်ဖို့အတွက်)၊ ကွန်ပြူတာတွေနဲ့
ချိတ်ဆက်ဖို့ အတွက်) ခရီးအလိုက်ကုန်ကျမယ့် စရိတ်တွေ မပါသေးပါဘူး။
ဖုန်းလိုင်းအတွက်လဲ တစ်နှစ်ကို နှစ်စဉ်ကြေး ဖုန်း(၄)လုံးအတွက် (၆၀၀၀၀)
ကျပ်ဆောင်ရမှာဖြစ်ပါတယ်။ iPSTAR Broadband Connection ကို အင်တာနက်အဖြစ်ပါ
အသုံးပြုချင်တယ်ဆိုရင်တော့ Sharing နဲ့ Delicated ဆိုပြီတော့
နှစ်မျိုးရှိပါတယ်။ Sharing ဆိုတာကတော့ အင်တာနက်ကို
မိမိတို့တပ်ဆင်အသုံးပြုချိန်မှသာ Connection bandwidth
ကိုဖွင့်ပေးမှာဖြစ်ပါတယ်။ Delicated ကတော့ မိမိတို့ အင်တာနက်ကို သုံးသုံး၊
မသုံးသုံး ၂၄နာရီ Connection bandwidth ကိုဖွင့်ထားပေးမှာဖြစ်ပါတယ်။
Connection Speed နဲ့ Fees ကြေးတွေကတော့ -
iPSTAR Broadband Connection Sharing Internet Fees အတွက် လစဉ်ကြေးတွေက-128Kbps ဆိုရင် 60FEC ; 192Bbps ဆိုရင် 90FEC; 256Kbps ဆိုရင် 120FEC
iPSTAR Broadband Connection Delicated Fees အတွက်လစဉ်ကြေးတွေက-
128Kbps – 240FEC; 192Kbps – 360FEC; 256Kbps – 480; 512Kbps – 960FEC
အားလုံး Connection အမျိုးအစားတွေအတွက်
Data Limit ကတော့ ကန့်သတ်ချက်မရှိပါဘူးခင်ဗျာ။ Sharing Internet
Connection ကိုတော့ ရိုးရိုးအသုံးပြုတဲ့သူတွေအတွက်အဆင်ပြေမှာပါ။ Delicated
Internet Connection အတွက်ဆိုရင်တော့ သိပ်ဟန်မယ်မထင်ပါဘူး။ Internet Fees
ကြေးက လေးဆလောက်ကွာနေလို့ပါ။ ဒါပေမယ့်
ဖုန်းလိုင်းလေးလိုင်းလုံးမှာအသုံးပြုမယ်ဆိုရင်တော့ ဈေးသိပ် မကြီးဘူးလို့
ထင်ရပါမယ်။ ဖုန်းလိုင်း တစ်လိုင်းချင်းဆီအတွက်ဆိုရင်တော့ ဈေးကများတယ်လို့
ထင်ရမှာပါ။
iPSTAR Broadband Connection
အားနည်းချက် - ဖုန်းလိုင်းလေးလိုင်းလုံးအသုံးပြုမှသာလျှင် ပိုက်ဆံ
အကုန်အကျ သက်သာမယ်လို့ ထင်ရပါတယ်။ ကုန်ကျစရိတ်ကလဲအရမ်းများပါတယ်။
စက်တစ်ခုခု ပျက်ခဲ့ရင်လဲ မိမိတို့ကိုယ်တိုင်အလွယ်တကူမပြင်နိုင်လို့
ပညာရှင်တွေကို ခေါ်ယူရမယ်ဆိုရင် အရမ်းဝေးတဲ့ဒေသတွေဖြစ်နေရင်တော့ လာစရိတ်၊
စားစရိတ်၊ ပေးစရိတ်နဲ့ ကာမိမှာမဟုတ်ပါဘူး။ Internet Connection
သုံးမယ်ဆိုရင်လဲ အခု Connection Speed တွေထပ်စရာ နှေးနေတာတွေရှိပါတယ်။
တစ်ယောက်တည်းသုံးဖို့အတွက်ဆိုရင်တော့ မသုံးသင့်ပါဘူး။
iPSTAR Broadband Connection
အားသာချက် - ဝေးလံတဲ့ဒေသတွေအတွက်ဆိုရင်တော့
အသုံးပြုနိုင်လို့အဆင်ပြေနိုင်ပါတယ်။ တယ်လီဖုန်းကြိုးလိုင်းမလိုလို့
ဖုန်းလိုင်း အတွက်လဲပူစရာမလိုလို့
ဖုန်းလိုင်းအနေနဲ့သုံးမယ်ဆိုရင်လဲကောင်းပါတယ်။ ဖုန်းလေးလုံးလဲ
တစ်ပြိုင်တည်းအသုံးပြုနိုင်သလို၊ အင်တာနက်လဲ အသုံးပြုနိုင်တဲ့အတွက်
ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေအတွက်ဆိုရင်တော့ အသုံးပြု သင့်တဲ့ Connection
အမျိုးအစားတစ်မျိုးလဲဖြစ်ပါတယ်။
ဒါကတော့မနေ့ကအဆက် နံပါတ်(၂) ဖြစ်တဲ့ IPSTAR Connection အကြောင်းပါ။
SOURCE။ ။မြန်မာမိသားစု
No comments:
Post a Comment