Saturday, July 20, 2013

◘◘◘ စွန်.စားမျှတ နိဗ္ဗာန် ◘◘◘


  • "စိတ်ငြိမ်ရင် ကိုယ်ကာယကြီးလည်း ငြိမ်ပါတယ်။စိတ်မငြိမ်ရင် ကိုယ်ကာယကြီးလည်း မငြိမ်ပါဘူး။ နားလည်တယ်နော်။"
  • (တင်ပါ့)
  • "ငြိမ်သက်မှုတော့ ရလာတယ်။ သို.သော် ငြိမ်သက်မှုရလာတယ်ဆိုတဲ့ နေရာမှာ ဝေဒနာတွေ ပြင်းထန်လို.၊ ဝေဒနာကို တိုက်ထုတ်နေလို. ငြိမ်နေတာက တစ်မျိုး၊ နောက်ပြီး စိတ်ကူးတွေယဉ်ပြီးတော့ ငြိမ်နေတာက တစ်မျိုး။ မှတ်စိတ်နဲ. အာရုံကိုက်လို. ငြိမ်နေတာက တစ်မျိုးဟုတ်တယ်နော်။အဲဒီ ငြိမ်နေတာတွေထဲမှာ မှတ်စိတ်နဲ.၊ အာရုံနဲ. ကိုက်ညီပြီး ငြိမ်နေဖို. လိုအပ်တယ်နော်။"
  • (တင်ပါ့ဘုရား)
  • "ဝေဒနာရဲ.ဖြစ်ပျက်ကို ဥာဏ်နဲ.မြင်ပြီးတော့ ငြိမ်နေမယ်ဆိုရင် အဲသလို ယောဂီများရဲ. ငြိမ်ခြင်းဟာ ' ငြိမ်း' လာမှာပေါ့"
  • (တင်ပါ့ဘုရား)
  • "သြော်..လောဘအစရှိတဲ့ အကုသိုလ်တရားတွေ ငြိမ်းလာမယ်။အကုသိုလ် အပူဓာတ်၊ အလောင်ဓာတ်တွေ ငြိမ်းရင် ဆင်းရဲမှာလား၊ ချမ်းသာမှာလား။"
  • (ချမ်းသာမှာပါဘုရား)
  • "သူတစ်ပါးက ပေးမှာလား၊ ကိုယ်က ကြိုးစားရမှာလား။"
  • (ကိုယ်က ကြိုးစားရမှာပါ ဘုရား)
  • "ဒါကြောင့် ဒကာ၊ ဒကာမတွေ ဒီလိုကုသိုလ်စွမ်းအားလေးတွေ မိမိသန္တာန်ထဲမှာ ရှိမယ်။အားထုတ်လိုတဲ့စိတ်လည်း ရှိမယ်။ကြိုးစာအားထုတ်တဲ့ စွမ်းအားလည်း ရှိမယ်။ကဲ..သဒ္ဓါ ၀ီရိယ ဆန္ဒလေးတွေ လည်းရှိမယ်။ဒီကုသိုလ် စွမ်းအားလေးတွေ မရမချင်း ငါ အားထုတ်မယ်ဆိုပြီး ကဲ........ထိုင်တဲ့အခါမှာလည်း မျှမျှတတ၊ ရပ်တဲ့အခါမှာလည်း မျှမျှတတ၊ စားတဲ့အခါမှာလည်း မျှမျှတတ၊ လျောင်းထိုင်ရပ်သွားဆိုတဲ့ လေးပါးသော ဣရိယာပုတ်ထဲမှာ သတိထား၊ ၀ီရိယစိုက်၊ ပညအသိနဲ. ကြည့်လိုက်မယ်ဆိုရင် အရှုခံမှန်သမျှတွေဟာ ဖြစ်ပြီးပျက်စီးနေလို ဘာသစ္စာ"
  • (ဒုက္ခသစ္စာပါဘုရား)
  • "လှမ်းပြီး ကြည့်နေတာလေးက ဘာသစ္စာ"
  • (မဂ္ဂသစ္စာပါဘုရား)
  • "သေသွားတာက ဘာသစ္စာ ပါလိမ့်"
  • (သမုဒယသစ္စာ ပါဘုရား)
  • "ငြိမ်းတာက ဘာသစ္စာ"
  • (နိရောဓ သစ္စာပါဘုရား)
  • "သစ္စာလေးပါး ေပၞမေပၞ"
  • (ေပၞပါတယ္ဘုရား)
  • "သစ္စာလေးပါး ထိုက်မထိုက်"
  • (ထိုက်ပါတယ်ဘုရား)
  • "ကဲ...သစ္စာလေးပါး ထိုက်အောင် စွန်.စွန်.စားစား မျှမျှတတနဲ. ကြိုးစားကာငြိမ်းတဲ့ နိဗ္ဗာန်ဆီသို. မျက်မှောက်ပြုအောင် ကြိုးစားနိုင်ကြပါစေ"
  • (သာဓု ..သာဓု..သာဓု)

No comments:

Post a Comment