Mail ကို လေဘယ် ခွဲထားခြင်း
မေးလ်ကို မ၀င်စေချင်ရင်တော့ Filter ခံလိုက်ရင်ရပါတယ်။
မေးလ်တွေအရမ်းရှုပ်နေရင်တော့ လေဘယ်ခွဲထားရင် အဆင်ပြေပါတယ်။ ဒီတော့ အခု
ကျတော်တို့ လုပ်နည်း နှစ်မျိုးလုံးကို ပုံလေးတွေနဲ့ ဖော်ပြပေးသွားပါမယ်။
ပထဆုံး မေးလ်ကို လေဘယ်ခွဲတာကို စပြောပါမယ်။
လေဘယ်စမခွဲခင်မှာ
မိမိခွဲချင်တဲ့ မေးလ်ကို အရင်ဖွင့်ရပါမယ်။ ဥပမာ မောင်မောင်ပို့လာသော
မေလ်းတွေအားလုံးကို လေဘယ်တစ်ခုအဖြစ်ထားချင်သည်ဆိုပါစို့။ ပထဆုံး
မောင်မောင်စီမှလာသော မေးလ်တစ်စောင်ကိုဖွင့်ပါ။ ပြီးရင် ညာဖက်ထိပ်နားက More
actions ဘေးကမြားလေးကို နှိပ်ပါ။ ထိုအထဲကမှ Filter messages like these
ကိုရွေးပါ။ ထိုသို့ရွေးလိုက်လျှင် အောက်ပါပုံ လေးအတိုင်းပေါ်လာပါလိမ့်မည်။

From ဆိုသောနေရာတွင် မေးလ်ပို့လာသူ၏ နာမည်ပေါ်နေပါလိမ့်မည်။ Has the words
ဆိုသောနေရာတွင် ထိုသူ၏ မေးလ်ပို့လာသော အချိန်တွင်ပေါ်နေသော
နာမည်ကိုထည့်လျှင်လည်းရပါတယ်။ မထည့်လျှင်လည်း ရပါတယ်။ ပြီးရင်တော့ Next
step ကို ကလစ်နှိပ်ပါမယ်။ပြီးရင်အောက်ပါပုံလေးအတိုင်းတွေ့ရမှာပါ။

ပြီးလျှင်
ဝိုင်းပြထားသော ချက်ဘောက်စ်လေးများကို အမှန်ခြစ်
ခြစ်လိုက်ပါ။ပုံမှာပြထားသည့်အတိုင်း လေဘယ်အမည်ပေးပြီး OK နှိပ်လိုက်သောအခါ
မေးလ်၏ ဘယ်ဘက်တွင် ပေးလိုက်သော လေဘယ်နာမည်တစ်ခု ပေါ်နေပါလိမ့်မည်။
ပြီးလျှင် Create filter ကိုကလစ်လိုက်လျှင် လေဘယ်ခွဲပြီးသား ရရှိလာပြီ
ဖြစ်သည်။ နောက်နောင် ထိုသူထံမှ မေးလ်ပို့လာလျှင် ထိုလေဘယ်ထဲပဲ
ဝင်သွားမှာဖြစ်ပါတယ်။ ထိုသူထံမှ ပို့သောမေးလ်များကို ကြည့်ချင်မှသာ
ထိုလေဘယ်ကို ကလစ်နိပ်ပြီး ဖွင့်၍ ကြည့်ရှုနှိုင်ပါတယ်။
နောက်ဆုံးတစ်ခုအနေနှင့်က ပေးပို့လာသောမေးလ်ကို လေဘယ်ခွဲ၍လည်း မထားချင်ဘူး
ရောက်လာတာနဲ့ တန်းဖျက်ပြီးသားဖြစ်နေစေချင်တယ်ဆိုရင် လုပ်ရမယ့်
အဆင့်ဆင့်ကိုဖော်ပြပေးပါ့မယ်။ အပေါ်ကအတိုင်းပဲ တဆင့်ချင်း သွားပါမယ်။
အောက်ပါပုံလေးအထိရောက်ရင် ချက်ဘောက်စ်ကို အမှန်ခြစ်ပေးတဲ့နေရာမှာ အောက်က
ပုံလေးအတိုင်းပေးပါမယ်။ ပြီးရင် create filter ကိုကလစ်လိုက်ပါမယ်။

ကဲ ဒါဆိုရင်တော့ သူငယ်ချင်းတို့စီကို ထိုသူစီမှ ပို့လာတဲ့မေးလ်တွေကို
ဝင်လာတာနဲ့ ဖျက်ပေးမှာ ဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။
အဆင်မပြေတာများရှိပါက ကောမန့် ချန်ခဲ့ပါနော်။

No comments:
Post a Comment