Monday, July 15, 2013
◘◘◘အိုဘယ့် ခရီး.....◘◘◘
တိမ်တွေကို
အပေါ်ကကြည့်လိုက်
အောက်ကကြည့်လိုက်နဲ့...
ပြီးတော့
တောင်တွေကို
အဝေးးကငေးလိုက်
အနီးက တက်လိုက်နဲ့
သြော်..ငါဟာ
တာဝေးအပြေးသမား ပါလား ..။
ကမ်းစပ်ကို
ကပ်လိုက် ခွါလိုက်
အမြင်တွေ
ကျဉ်းလိုက် ကျယ်လိုက်
ခြေလှမ်းက
တက်လိုက် ဆင်းလိုက် နဲ့ပဲ
အိုဘယ့် .. ခရီး
ရောက်လု နီးပြီလား ..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment