Monday, July 15, 2013

◘◘◘ဘ၀ခက်ဆစ်◘◘◘



·ရှောင်တိမ်းစရာ
ခလုတ်ကန်သင်းဆိုတာသာ
မရှိခဲ့ရင်
ဘ၀ဟာ ..
ပျင်းခြောက်ခြောက်ကြီးနေမှာပေါ့ .. ။

မျက်ရည်ဆိုတာကို
ဖန်ဆင်းခဲ့တာက
ရယ်မောခြင်းကို
အရောင်တောက်စေဖို့ပါ ..။

ငါငိုနေရင်းနဲ့
ရှောင်တိမ်းစရာတွေ
မရှိရင်
ပျော်စရာကောင်းမယ်လို့
အဖန်တရာတေအောင်
တမ်းတခဲ့ဖူးတယ် ..။

ဒါပေမယ့်လေ
ခလုတ်တွေတိုက်ရင်း
လဲပြိုမှု သိက္ခာတွေ
ပြန်ထူထောင်ရင်းက ..

ငါ ..
တကယ်ပဲ
ရယ်မောတတ်လာခဲ့ပါတယ် ... ။

No comments:

Post a Comment