Monday, July 15, 2013

------ငါတို့ မိဘတွေ------

------ငါတို့ မိဘတွေ------

ပညာ မတတ်ခဲ့ကြပါဘူး....
ဒါပေမဲ့ ဘ၀ကျောင်းတော်ကြီးကနေ.....
ဆင်းရဲတဲ့ အသက်မွေးကျောင်းပညာရပ်ကို တတ်ခဲ့ကြတယ်.....
အဲဒီပညာရပ်တွေ နဲ့ ရုန်းကန်ရင်း...
သူတို့ တွေ မတတ်နိုင်ခဲ့တဲ့ ကျောင်းတော်ကြီးဆီသို့ ....
ရောက်အောင် ရှိသမျှစွမ်းအားတွေ နဲ့...
ပေးဆပ်ခဲ့ကြတယ်......
မောပန်းတယ် လို့ ညည်းသံမကြား.....
ငါတို့ လိုအပ်သမျှကို ဖြည့်ဆည်းပေးရင်း....
ငါတို့ ရဲ့ စာအံသံလေးတွေနဲ့ အမော ဖြေနေခဲ့ကြတယ်....
ငါတို့ ဆီကနေ အကျိုးအမြတ်ဆိုတာကို မမျှော်လင့်ခဲ့ပေမဲ့...
ငါတို့ဆီက နွေးထွေးတဲ့ ဖေးမမှုမျိုးကို အားငယ်စွာနဲ့...
မျှော်လင့်နေမှာ သေချာပါတယ်.....
ပီတိ ဆိုသော အရာ ကိုစားသုံးရင်းပေါ့...
ငါတို့ တွေ အဆင်မပြေမှာကို အရမ်းစိုးရိမ်ပေမဲ့...
သူတို့တွေ အဆင်မပြေရင်တော့ အံကြိတ်နေခဲ့ကြတယ်....
ပီတိ ဆိုတဲ့ အရာကို စားသုံးရင်းပေါ့....
ပီတိ ဆိုတာကို စားသုံးခဲ့တဲ့ အချိန်များလွန်းပါပီ....
အခု ချိန်မှာ သူတို့တွေ စားသုံးခဲ့ တဲ့ ပီတိဆိုတဲ့ နေရာမှာ ....
ငါတို့တွေရဲ့ အနွေးထွေးဆုံးသော မေတ္တာတွေနဲ့ အစားထိုးသင့်ပါပီ...
ငါတို့တွေ ရပ်တည်နိုင်တဲ့ အချိန် ကျပီလေ....
ဘ၀ရဲ့ အဆင်မပြေမှုတွေနဲ့ သူတို့နဲ့ အဝေးဆုံးကိုရောက်နေရင်တောင်....
နွေးထွေးတဲ့ ဖုန်းသံလေးတွေနဲ့ ဘ၀အမောတွေကို ဖြေဖျောက်ရင်း...
နွေးထွေးတဲ့ အားပေးစကားသံလေးတွေနဲ့ အတူ....
ငါတို့တွေအားလုံး သတိတရ ရှိပေးကြရအောင်......
အတတ်နိုင်ဆုံး ပြန်လည်ပေးဆပ်မှုတွေနဲ့ အတူပေါ့.....

No comments:

Post a Comment