♥♥♥ Seeing Password ♥♥♥

ဒါမျိုးလေးတွေ
တွေ့ဖူးကြမယ်ထင်ပါတယ်။ လူတစ်ယောက် အင်တာနက်သုံးပြီး ထသွားတဲ့အချိန်မှာ
Remember password လုပ်ထားခဲ့လို့ အခုလိုမျိုး သူရဲ့ username နဲ့ password
အလုံးလေးတွေကို မြင်နေရတာမျိုးလေးပေါ့။ ကိုယ့်အနေနဲ့ Login ပြန်ဝင်လို့
ရပေမယ့် ပုံမှန်အားဖြင့် အဲဒီအလုံးလေးတွေကို ဖော်ကြည့်ဖို့ရာ
မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းလေး သုံးလိုက်ရင် သူ့ရဲ့password
အလုံးလေးတွေဟာ ဘာလေးတွေလဲဆိုတာ သိရပါလိမ့်မယ်။
(၁) Firefox မှာ
remember password လုပ်ထားလို့ အဲဒီလို password အလုံးတွေ မြင်နေရတဲ့
အချိန်မှာ စာမျက်နှာပေါ်မှာ Right Click နှိပ်ပြီး Inspect Element
ကိုရွေးပါ။ Inspector Window တစ်ခု ပေါ်လာပါလိမ့်မယ်။
(၂)
Inspector မှာပါတဲ့ Pointer ခလုတ်လေးကို တစ်ချက်နှိပ်ပြီး အဲဒီ password
box ပေါ်မှာ တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်မှာ html code တွေ
ပေါ်လာပါလိမ့်မယ်။ အဲဒီ code ဟာ အောက်မှာပြထားတဲ့ ပုံစံအတိုင်း
ဖြစ်ပါလိမ့်မယ်။
<input id="pass" class="inputtext" type="password" tabindex="2" name="pass"></input>
(၃) အဲဒီမှာ type="password" ဆိုတဲ့နေရာမှာ type="text" ဆိုပြီး
ပြင်လိုက်ပါ။ ဒါဆိုရင် အဲဒီအလုံးလေးတွေ ပျောက်သွားပြီး သူ့ရဲ့ Password
ကြီး ပေါ်လာပါလိမ့်မယ်။
ကာကွယ်နည်း
ဒါမျိုးနည်လမ်းကနေ
ခိုးယူတဲ့ပုံစံကနေ ကာကွယ်ဖို့အတွက် အင်တာနက်သုံးတဲ့အချိန်မှာ ဘယ်တော့မှ
Remember password မလုပ်ပါနဲ့။ အကောင်းဆုံးကတော့ Browser ရဲ့ Settings
ထဲဝင်ပြီး Remember password ကို ပိတ်ထားတာ အကောင်းဆုံးပါပဲ။
Ref: Ko Zawthurein Htun
No comments:
Post a Comment